အမှတ်တရ သင်္ကြန် ( ဇာတ်သိမ်း ) *နတ်သား ရေးသည် ~ အောရသစုံ

အမှတ်တရ သင်္ကြန် ( ဇာတ်သိမ်း ) *နတ်သား ရေးသည်




မျိုးသင်္ကြန်ရဲ့  သူငယ်ချင်းတွေနဲ့ သူမတို့ကျောင်းမှာ တွေ့ပြီး နောက်ပိုင်း အဖြစ်အပျက်တွေမှာ ကျနော်တို့ နှစ်ယောက်ကြား အဆင်မပြေမှုတွေ နဲနဲ စလာတော့တယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်ဆိုတော့ သူမှားတယ်၊ ကိုယ်မှားတယ် ဆိုပြီး အငြင်းပွားမနေချင်တော့ဘူး။ ဒါပေမယ့် ကျနော် တစ်ခုတော့ ပြောရဲတယ်ဗျာ။ ပြသနာရယ်လို့ဆိုပြီး နှစ်ယောက်သားကြား ရောက်လာတိုင်း မျိုးသင်္ကြန်ဘက်က ဖြစ်ဖြစ်နေတာပဲ။ ဒီထက်ပိုပြီး ဆိုးတာက အဲဒီပြသနာရဲ့ နောက်ကွယ်မှာ အိရွှေစင်က ရှိရှိနေတတ်တာ ..

ပြောရရင် ကျနော်က လျှာရှည်ပြီး သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ခိုင်းတာဆိုတော့ ကိုယ့်အပြစ်လဲ မကင်းပါဘူးဗျာ။ အခုကြတော့ မျိုးသင်္ကြန်က ကျနော့်ကို အချိန်မပေးချင်တိုင်း အကြောင်းပြချက် ကောင်းကောင်း ပေးလို့ရနေပြီလေ။ “အိ တို့ အတင်းခေါ်သွားလို့ပါ .. ကိုမောင်ရာ .. မျိုးမှ ငြင်းလို့ မကောင်းတာ” ဆိုတော့ ကျနော်လဲ ပြောရတာ ခက်လာတယ်။ ကိုယ်ကပဲ သဘောထား မကြီးသလိုမျိုး ကြီးလေ။ “ကိုမောင်က မျိုးကို ချစ်တယ်လဲ ပြောသေးတယ် .. ဒါလေးတောင် နားလည်မပေးနိုင်ဘူးလား “ ဆိုတော့ ဒီကကောင် ငုတ်တုတ်မေ့ပေါ့ .. ဘာပြောလို့ ပြောရမှန်းတောင် မသိဘူး ..

ဒါပေမယ့် ခက်တာက ဒီလိုမျိုး ကိစ္စတွေဟာ တစ်ခါလဲ မဟုတ်၊ နှစ်ခါလဲ မဟုတ် .. ထပ်ပြန်တလဲလဲကို ဖြစ်လာတော့ ကျနော် သည်းခံလို့မရတော့ဘူး။ မျိုးသင်္ကြန်ကို ကျနော် တတ်နိုင်သလောက် အိရွှေစင်နဲ့ မပတ်သက်ဖို့ ပြောတယ်။ အဲဒါလဲ ကျနော့်မှာ အကြောင်း ခိုင်ခိုင်လုံလုံ ရှိတယ်။ အိရွှေစင်ရဲ့ ပုံစံကို သိပ်သဘောမတွေ့လို့ ကျနော် ကျိတ်စုံစမ်းထားလို့ သိရတာက အိရွှေစင်က တော်တော်ဇယားရှုပ်တယ်ဆိုပဲ။ အတည်တကျ တွဲနေတဲ့သူ ဆိုပြီး အပြင်မှာ မရှိပေမယ့်၊ လူမမြင်ရတဲ့ နေရာတွေမှာတော့ ဟောတစ်ယောက် ဟောတစ်ယောက်လို့ ဆိုလို့ရတယ်တဲ့။

အိရွှေစင် ဘာဖြစ်ဖြစ် ကျနော် စိတ်မ၀င်စားဘူး။ ပြောရရင် သူက ကျနော့် type မဟုတ်ဘူး။ သူလဲ ကျနော့်ကို ဒီလိုပဲ မြင်တယ်နဲ့တူပါတယ်။ ကိုယ်ပိုင်ကားတစ်စီးတောင် မရှိတဲ့ကောင်ဆိုတော့ သူ့ type မဟုတ်လောက်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် အမြင် မကြည်တာ စစတွေ့ခြင်းကတည်းက ဆိုတော့ နောက်ပိုင်း ကျနော် မျိုးသင်္ကြန်တို့ကျောင်း ရောက်သွားလဲ အိရွှေစင်နဲ့ သိပ်စကားမပြောဖြစ်။ ပိုးပိုးတို့၊ ဇာဇာအေးတို့တောင်မှ အိရွှေစင်ရဲ့ လောင်းရိပ်ကို မလွန်ဆန်နိုင်လို့လား မသိ။ အစောပိုင်းတုန်းက ကျနော့်အပေါ် ခင်မင်မှု ပြသလောက် နောက်ပိုင်းမှာ ခပ်တန်းတန်းဖြစ်လာသလိုပဲ။

အဲဒါကြောင့် ကျနော်လဲ တတ်နိုင်ရင် မျိုးသင်္ကြန်တို့ကျောင်းကို မသွားဖြစ်အောင် အခုနောက်ပိုင်း ရှောင်နေခဲ့တယ်။ ဒါပေမယ့် တစ်ရက်မှာတော့ မျိုးသင်္ကြန်နဲ့တွေ့ဖို့ ချိန်းထားတဲ့ရက် ဖြစ်သလို၊ သူမအတန်းက ကျူ တိုရီရယ်က ဘယ်အချိန်ပြီးမှာလဲ မသိလို့ ကျောင်းမှာလာစောင့်နေပါလို့ မှာထားလို့ ကျနော် ရောက်သွားခဲ့တယ်။

ထုံးစံအတိုင်း သူမကျောင်းကို စရောက်တုန်းက ထိုင်ခဲ့တဲ့ ကန်တင်းက ဆိုင်လေးရဲ့ ထောင့်ဘက် ခပ်ကျကျခုံမှာ တစ်ယောက်ထဲ ထိုင်နေစဉ်မှာ ဖြတ်ခနဲ ဆိုင်ပေါက်ဝမှာ ပေါ်လာတဲ့ လူရိပ်ကြောင့် ကျနော့်တကိုယ်လုံး တောင့်တင်းသွားတော့တယ်။ တခြားသူ မဟုတ်ဘူး။ မျိုးသင်္ကြန်တို့ ကျောင်းကို ပထမဆုံး စရောက်တဲ့နေ့က မိတ်ဆက်ပေးထားခဲ့တဲ့ မေ၀င့်ဝါဆိုတဲ့ တစ်ယောက်လေ။ ဆိုင်ထဲကို ၀င်လာဖို့ ပြင်နေတာ ..

ဟိုးအရင် စတွေ့ခဲ့တဲ့ နေ့ကလိုပါပဲ .. အပေါ်အောက်ဝမ်းဆက် မြန်မာဝတ်စုံ ပန်းနုရောင်လေးနဲ့ မေ၀င့်ဝါက ထင်းထင်းလေးလှနေတာ။ အရောင်အသွေးနဲ့ အပေါ်က ရင်ဖုံးလိုအင်္ကျီဒီဇိုင်းလေးသာ ပြောင်းသွားတာ။ မေ၀င့်ဝါကိုယ်ပေါ်မှာ လှလှပပရှိနေပြီး မိန်းမပီသတဲ့ အတိုင်းအတာတွေကို အရှိအတိုင်း ပြနေတာတော့ မပြောင်းသွားဘူး။ ကျနော်နဲ့အတူ ကန်တင်းထဲမှာ ထိုင်နေတဲ့ ငနဲသားတွေရဲ့  မျက်လုံးက ချက်ချင်းဆိုသလို ဆိုင်ပေါက်ဝရောက်နေတဲ့ သူ့အပေါ်မှာ ၀ဲသွားတာပေါ့။ မေ၀င့်ဝါက ဆိုင်ထဲကို တောက်လျှောက် ၀င်မလာသေးဘူး။ ဟိုကြည့် ဒီကြည့်နဲ့ လုပ်နေလေတော့ လှမ်းကြည့်နေတဲ့ ကျနော်နဲ့ အကြည့်ချင်းဆိုင်သွားတယ်။ မျက်လုံးလေး တစ်စုံ ၀ိုင်းခနဲ ဖြစ်သွားပြီး သူမကိုယ်လေး ချာခနဲ လှည့်သွားရှာတယ် ..

“မေ .. မေ ၀င့်ဝါ !! .. “
ကျနော် ထိုင်နေရာကနေ ထပြီး အပြေးတစ်ပိုင်းနဲ့ သူမဆီ လျှောက်သွားမိလို့လား မသိဘူး  .. နောက်ကျောပေးထားတဲ့ မေ၀င့်ဝါရဲ့  ကိုယ်ကလေး ဆတ်ခနဲ တုန်ပြီး ကျနော့်ဘက် ပြန်လှည့်ကြည့်တယ်
“ကို .. မောင် .. “
“ဟုတ်ပါတယ် .. ကျနော် ကိုမောင်ပါ … မေ၀င့်ဝါ ဆိုင်ထဲ ၀င်လာမယ် ထင်လို့ .. အခုမှ ပြန်ထွက်သွားမယ် ဆိုတာ သိလိုက်တော့ လှမ်းခေါ်တာ .. “
“ဟိုလေ .. ကျ မ .. ကျမ “
“တခြား အရေးတကြီး သွားစရာ မရှိရင် ခန ထိုင်ပါလား မေ .. ရီကွက်စ်ပါ .. ပလိစ် .. ကျနော့်မှာ မေ့ကို မေးစရာလေးတွေ နဲနဲရှိလို့ပါ“
"ဟုတ် .. ဟုတ်ကဲ့ ရှင့် .. "

ကျနော့်ရဲ့ ဖိတ်ခေါ်ချက်ကို မငြင်းပဲ လက်ခံလိုက်တဲ့အတွက် မေ၀င့်ဝါ ကျနော်ထိုင်နေတဲ့ စားပွဲကို ပါလာတော့တယ်။ ကန်တင်း(ဆိုင်)ထဲမှာ ရှိနေတဲ့ ကျန်တဲ့ကောင်တွေရဲ့ အကြည့်က ကျနော့်ကို အားကျသလို ကြည့်နေတဲ့အတွက် မှန်တာပြောရရင် နဲနဲတောင် ဘ၀င်မြင့်သွားသလိုပဲ။ ဒါကတော့ ကျနော့်နေရာမှာ ခင်ဗျားတို့ဆိုလဲ ဖြစ်မှာပါ။ မေ၀င့်ဝါဆိုတာ ယဉ်ယဉ်လေးနဲ့ တအားလှနေတဲ့ ကောင်မလေး မဟုတ်လား။ ဗမာဝတ်စုံလေးအောက်က အစိတ်အပိုင်းတွေကလဲ အတိုင်းသား ရုန်းကြွနေတော့ မျက်စိကို ဒီနေရာတွေ မရောက်ဖို့ တော်တော်ခဲခဲယဉ်းယဉ်း ထိန်းချုပ်ထားရတာဗျ ..

“ကိုမောင် .. ပြောလေ ... မေးစရာရှိလို့ဆို “
“အော် .. ဟုတ် .. တခြား မဟုတ်ပါဘူး .. ကျနော် တစ်ခု သိချင်လို့ .. မေ၀င့်ဝါက နယ်ကနေမှ ရန်ကုန်ပြန်ပြောင်းလာတာဆိုတော့ ဘယ်နယ်ကလဲလို့ သိချင်လို့ပါ “
“ဘာဖြစ်လို့လဲ ... “

ကျနော်မေးတဲ့အမေးကို မဖြေပဲ အမေးနဲ့ တုံ့ပြန်လိုက်လို့ ကျနော် သူ့မျက်နှာလေးကို စူးစိုက်ကြည့်လိုက်တော့ မေ၀င့်ဝါက ကျနော့်ကို တွေတွေလေး ငေးကြည့်နေတာ တွေ့ရတယ်။ သူမအကြည့်တွေကြောင့် ကျနော့် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။ ဒီအကြည့်တွေကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်က ချာတိတ်မလေးတစ်ယောက်ဆီကနေ ကျနော် ရခဲ့ဖူးတယ်လေ။ ချက်ချင်းဆိုသလို ကျနော့်ရဲ့ အတွေးမြင်ကွင်းဟာ နောက်ပြန်ရစ်သလိုမျိုးနဲ့ ဘက်ဂီယာထိုးပြီး သက္ကရာဇ်တွေကို ကျော်ဖြတ် ပြန်ဆုတ်သွားတဲ့အခါ ကျနော့်နှုတ်က အလိုလို နာမည်တစ်ခုကို လွှတ်ခနဲ ခေါ်လိုက်မိတော့တယ်။

“သင်္ကြန် ....... “
“အာ ... ကိုမောင်က နောက်ကျောမှာ မျက်စိများ အပိုပါတာလား  .. မျိုးက တိတ်တိတ်လေး ခြေသံမကြားအောင် နောက်က၀င်လာတာတောင် သိဖြစ်အောင် သိလိုက်သေး .. “

ကန်တင်းကို နောက်ကျောပေးပြီး ပြန်ထိုင်လိုက်တာဖြစ်လို့ ဆိုင်ပေါက်ဝကို မမြင်တော့တဲ့ ကျနော် .. အသာလွင်လွင်လေးနဲ့ ပြောသံကြားမှ လှည့်ကြည့်ဖြစ်တယ်။ မျိုးသင်္ကြန်ရယ် .. နောက်မှာ ရောက်နေတာ။ ကျနော့်နောက်မှာ မတ်တပ်ရပ်ပြီး ခပ်ပြုံးပြုံးမျက်နှာလေးနဲ့ ငုံ့ကြည့်နေတယ်။

“မျိုး .. “
ကျနော်ရာ မေ၀င့်ဝါဆီကရော သူမနာမည်ကို ခေါ်တဲ့အသံနှစ်ခု တပြိုင်တည်း ထွက်သွားတယ်။ မေ၀င့်ဝါကတော့ မျိုးသင်္ကြန်နာမည်ကို ခေါ်လိုက်တဲ့အပြင် ထိုင်နေရာနေ ထမလိုတောင် ပြင်နေတယ်

“မေ .. ဘယ်သွားမလို့လဲ “ (မျိုးသင်္ကြန်ရဲ့ အကြည့်က ကျနော့်ဆီကနေ မတ်တပ်ရပ်မလို ဖြစ်နေတဲ့ မေ၀င့်ဝါဆီကို ရောက်သွားတယ်)
“ဟို .. ဟိုလေ  .. ငါက နင်မရောက်လာသေးလို့ .. ကိုမောင့်ကို ဧည့်ခံထားတာလေ .. အခု နင်ရောက်လာတယ်ဆိုတော့ .. “ (မေ၀င့်ဝါရဲ့ အသံက မသိမသာ အဖျားခတ်သံလေး ပေါက်နေလို့ .. ကျနော့်စိတ်ထဲ ဇဝေဇ၀ါ ဖြစ်သွားတယ် .. ကျနော်တို့နှစ်ယောက် ရိုးရိုးသားသား ထိုင်စကားပြောနေကြတာ မဟုတ်လား .. ဘာမှ အကျယ်တ၀င့် ရှင်းပြစရာ မလိုဘူးလေ)
“အာ .. ဒါဆို မထနဲ့ .. ပြန်ထိုင်ဦး .. ကိုမောင်ကို့ မေပဲ ဆက်ဧည့်ခံထား .. မျိုးက သွားစရာလေး တစ်ခုရှိလို့ .. “

ဒီတစ်ခါ မတ်တပ်ထရပ်ရတဲ့သူက ကျနော် ဖြစ်သွားတယ်။
“မျိုး ... ဘာဖြစ်ရပြန်တာလဲ .. ဘယ်သွားစရာ ရှိရပြန်တာလဲကွာ ... ကိုယ်နဲ့ ချိန်းထားတယ်လေ .. “
“ကိုမောင်ကလဲ .. လေသံမမာပါနဲ့ .. မျိုးလဲ ကျောင်းရောက်မှ သိတာလေ .. အိတို့နားမှာ ဖွင့်တဲ့ xxx ဆိုတဲ့ နာမည်ကြီး အလှပြင်ဆိုင်လေ .. အဲဒါ ဒီနေ့ ဆိုင်ဖွင့်တာ သုံးနှစ်ပြည့်နှစ်ပတ်လည်မို့လို့တဲ့ ပရိုမိုးရှင်းလုပ်ပြီး အထူးအစီအစဉ်နဲ့ ဒစ်စကောင့်ချပြီး အလှပြင်ပေးမယ်တဲ့ .. အိက မျိုးအတွက် ဒစ်စကောင့် လက်မှတ်တစ်စောင်ရထားတယ် .. အဲ .. ဒါ   “
“တော်တော် .. မျိုး .. မင်းဟာက မဟုတ်သေးဘူး ... မင်းအတွက် အဲဒီကိစ္စကတော်တော် အရေးကြီးနေလား “

မျိုးသင်္ကြန်ရဲ့ စကားထဲမှာ အိရွှေစင်ဆိုတာ ပါလာတဲ့အတွက် ကျနော်တော်တော်သည်းမခံနိုင်ဖြစ်သွားတယ်။ မိန်းကလေးမို့ လှချင်တာကို ကျနော် အပြစ်မပြောပါဘူး။ ဒါပေမယ့် ဒီနေ့မှ ဖြစ်ရတယ်တဲ့လား။ နောက်ပြီး ကျနော်က အဝေးကြီးကနေ လာရတဲ့သူလေ။ အိရွှေစင်ဆိုတဲ့ တစ်ယောက်ဟာ ကျနော်စောင့်နေမယ်မှန်းသိလို့ တမင်ရော လုပ်တာလား။ မျိုးသင်္ကြန်နဲ့ အိရွှေစင်ရဲ့ ဆက်ဆံရေးကို ကျနော် တော်တော်ကို သဘောမကျတော့ဘူး။

“ကိုမောင် .. မျိုးကို မအော်ပါနဲ့ .. မျိုးအလှပြင်တာ ဘယ်သူ့အတွက်လဲဆိုတာ ကိုမောင် သိလျက်သားနဲ့ ... ကိုမောင်ဟာလေ မျိုးကိုဆို နားလည်မှုကို မပေးနိုင်ဘူး “
“အေး ... မပေးနိုင်ဘူးကွာ ... မင်းဟာက တစ်ခါလဲ နှစ်ခါလဲမဟုတ် ... ဒီမှာ မျိုး မင်းသဘောပဲ .. မင်းဖာသာမင်း သွားချင်လဲ သွား .. မသွားချင်လဲ နေ .. “

ကျနော်လဲ ဘာစကားမှ ဆက်မပြောချင်တာနဲ့ ထိုင်နေတဲ့ခုံမှာပဲ ခြေပစ်လက်ပစ် ပြန်ထိုင်ချလိုက်တော့တယ်။ စိတ်တော်တော်ကုန်သွားသလို စိတ်ထဲလဲ တော်တော်ရှက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ မျိုးသင်္ကြန် ပြောဆိုနေကြတာကို ကန်တင်းထဲမှာ ရှိနေတဲ့ တခြားသောလူတွေက အကုန်ဝိုင်းကြည့်နေကြတာကိုး။ ဒါပေမယ့် ကျနော် ဒီလူတွေကို ဂရုမစိုက်ပါဘူး။ စိတ်ထဲမှာ အားအနာကြီးနာသွားတာကတော့ အခုအချိန်ထိ ကျနော်တို့နားမှာ ဆက်ရှိနေသေးတဲ့ မေ၀င့်ဝါကိုပါ။

ကျောပေးထားတဲ့ ကျနော့်နောက်မှာ မျိုးသင်္ကြန် ခနရပ်နေသေးတယ်။ ပြီးတော့ နားထဲမှာ အဝေးကို ထွက်သွားတဲ့ ခြေသံကို ကြားလိုက်ရတယ်။

“ကိုမောင် .. မျိုး ထွက်သွားတယ် .. “

မေ၀င့်ဝါစကားကြောင့် ကျနော် စိတ်ထိန်းထားတဲ့ကြားက ကျောခိုင်းထားရာက နောက်ပြန်လှည့်ကြည့်မိတယ်။ စိတ်ခုနေပါတယ်ဆိုတဲ့ ကျနော် နာကျည်းစရာ မြင်ကွင်းတစ်ခုကို ထပ်တွေ့လိုက်ရတယ်။ မျိုးသင်္ကြန်ရယ် ဆိုင်ပေါက်ဝ ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေတဲ့ အိရွှေစင်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး ရယ်ရယ်ပြုံးပြုံးနဲ့ ထွက်သွားတာကိုပဲ ..။ ကျနော့်ဘက်ကိုတောင် တစ်ချက်မှ လှည့်မကြည့်ခဲ့ပါဘူးဗျာ ... ။

*******************************

အဲဒီနေ့က အဖြစ်အပျက်ဟာ ကျနော်နဲ့ မျိုးသင်္ကြန်ရဲ့ ဇာတ်လမ်းကို တစ်ခန်းရပ်ဖို့ ဖြစ်အောင် ဖန်တီးပေးလိုက်တာပါပဲ။ ကျနော် မေ၀င့်ဝါနဲ့ ကန်တင်းမှာ ခနတဖြုတ် ဆက်ထိုင်နေသေးပေမယ့် စကားကို ဟုတ်တိပတ်တိ မပြောဖြစ်ခဲ့ပါဘူး။ နောက်တော့ ကျနော် ကျောင်းထဲမှာ ဆက်နေဖို့ စိတ်မရှိတော့တာမို့ မေ၀င့်ဝါကိုပါ နှုတ်ဆက်ပြီး ထပြန်လာခဲ့တယ်။ ကျနော် ထိုင်နေခဲ့တဲ့ ကန်တင်းထဲမှာ မေ၀င့်ဝါက ဆက်ထိုင်ပြီး ကျန်နေခဲ့တယ်။ စိတ်ထင်လို့လား မသိဘူး။ ကျနော် ပြန်ခါနီးမှာ မေ၀င့်ဝါရဲ့ နှုတ်ခမ်းလေးတွေဟာ တလှုပ်လှုပ်နဲ့ တစ်ခုခု ပြောချင်နေသလိုပဲ။ ဒါပေမယ့် သူမ ဘာပြောချင်လဲဆိုတာက ကျနော် မှန်းဆလို့မရသလို၊ ကျနော်ကိုယ်တိုင်လဲ သူမကို ကျနော် ပြန်လိုက်ဦးမယ်နော်ဆိုတဲ့ စကားကလွဲလို့ ထူးထူးထွေထွေ မပြောဖြစ်ခဲ့ပါဘူးဗျာ ..

မျိုးသင်္ကြန်ဆီ ကျနော် ဖုန်းမဆက်ဖြစ်ဘူး။ အခုကိစ္စမှာ ကျနော်မှားတယ်လို့ မထင်တဲ့အတွက် သူက ဖုန်းဆက်ပြီး တစ်ခုခုကို ပြောရမယ်လို့ကို တွက်ထားတယ်။ ဒါပေမယ့် မျိုးသင်္ကြန် ကျနော့်ဆီ ဖုန်းမဆက်ပါဘူး။ မဆက်တာမှ အဲဒီနေ့က မဆက်သလို၊ နောက်ရက်တွေလဲ မဆက်ခဲ့ဘူး။ ဘာဖြစ်လို့ မျိုးသင်္ကြန် ကျနော့်ကို အဆက်အသွယ် မလုပ်တာလဲဆိုတာ နောက်တစ်ပတ်ကျော်ကျော်မှာ ဗိုလ်ချုပ်ဈေးကို ကိစ္စတစ်ခုရှိလို့ ရောက်သွားတဲ့အခါ မျက်ဝါးထင်ထင် ကျနော် တွေ့လိုက်ရတယ်။

မေမေနဲ့ သိတဲ့ ဗိုလ်ချုပ်ဈေးထဲက ဆိုင်တစ်ဆိုင်ကို ပစ္စည်းတစ်ခုသွားပို့ပြီး ပြန်အလာမှာ ကျနော်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ နာမည်ကျော်ဖက်ရှင်ဆိုင်ထဲက ဈေးဝယ်ပြီး ထွက်လာတာက အတွဲနှစ်တွဲ။ ရှိုးကောင်းကောင်းစတိုင်လ်နဲ့ ဘရန်းဒက်တွေ ၀တ်ဆင်ထားတဲ့ ဘဲနှစ်ဗွေက ဘယ်သူတွေမှန်း မသိပေမယ့်၊ တစ်ယောက်စီကို လက်ချင်းချိတ်ပြီး ထွက်လာတဲ့ စော်နှစ်ဗွေကတော့ ကျနော့် မျက်လုံး ကန်းသွားတာတောင် မှတ်မိနေဦးမယ်။ ဘယ်သူရှိရမလဲ .. အိရွှေစင်နဲ့ မျိုးသင်္ကြန်လေ .. ဒင်းတို့နှစ်ယောက်ကတော့ ကျနော့်ကို မမြင်သေးဘူး .. ပျော်လို့ ရယ်လို့နဲ့ ဟီလာတိုက်နေကြတယ် ..

ကျနော် ရပ်နေတာကို အရင်ဆုံး မြင်သွားတာက မျိုးသင်္ကြန် .. ချက်ချင်းဆိုသလို ဟိုအကောင်နဲ့ သူလက်တွဲထားတာကို ဖြုတ်လိုက်တယ်။ မျိုးသင်္ကြန်ရဲ့ မျက်နှာ အမူအယာပျက်သွားတာကို ပြိုင်တူလိုလို သတိထားမိတာက အိရွှေစင်နဲ့ မျိုးသင်္ကြန် လက်တွဲထားတဲ့ကောင်။ တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်ရသလို ကျနော့်ကို အထိတ်တလန့်နဲ့ ကြည့်နေတဲ့ မျိုးသင်္ကြန်ရဲ့  မျက်လုံးလားရာကို သူတို့ လိုက်ကြည့်ကြတယ်။ အဲဒီနောက်တော့ …

မျိုးသင်္ကြန် ကျနော်ရှိရာကို လာမလို ပြုတယ်။ အိရွှေစင်က သူမ လက်ကိုဆွဲထားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။ မျိုးသင်္ကြန်နဲ့ ရှိနေတဲ့ကောင်ကပါ သူမလက်ကို ဆွဲခေါ်တယ်။ နောက်တော့ လက်တွင်မကဘူး .. ပခုံးကိုပါဖက်လိုက်တယ်။ ဆိုင်ရဲ့ရှေ့ မလှမ်းမကမ်းမှာ ရပ်ထားတဲ့ နောက်ဆုံးပေါ် ကားအသစ်နှစ်စီးပေါ် တစ်တွဲချင်းစီ အလျှိလျှိုတက်တယ်။ ပြီးတော့ ကားတွေကို ၀ူးခနဲ အသံမြည်အောင် စက်နှိုးပြီး မောင်းထွက်သွားကြတယ် …

ကျနော်လား …
စကော့ဈေးရဲ့  ခနော်နီခနော်နဲ့ ဖြစ်နေတဲ့ ပလက်ဖောင်းအုတ်ရိုးလေးပေါ်မှာ ဘေးကပ် မတ်တပ်ရပ်ရင်း ကျန်နေခဲ့တာပေါ့ … ခနနေတော့မှ အိမ်ပြန်ဖို့ဆိုပြီး ဆူးလေက လိုင်းကားဂိတ်ကို လျှောက်လာခဲ့တယ် …

ဦးခေါင်းတည့်တည့်ကို ကျော်ပြီး နောက်ကျောဘက်ရောက်နေတဲ့ နေလုံးကြီးကတော့ ကျနော့် အပေါ်မှာ ကျဲကျဲတောက် ပူလျှက်နဲ့ တရွေ့ ရွေ့ ကို ကပ်ပါလာတာပေါ့ …
အင်း … ဒီအချိန်ဆိုရင်တော့ လိုင်းကားတွေ ထိုင်စီးဖို့ နေရာ ရလောက်သေးပါရဲ့  …

****************************

အသည်းကွဲတယ်တော့ မဟုတ်ပေမယ့် စိတ်ထိခိုက် ခံစားရတာတော့ ကျနော် ဖြစ်တာပေါ့။ မျိုးသင်္ကြန်က ကျနော့်အပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာ လူကဲခတ်မကောင်းတဲ့ ကျနော် .. သေချာမသိပေမယ့် နှစ်ယောက်သား ဆိတ်ကွယ်ရာမှာတွေ့ရင် ရက်ရက်ရောရော ရှိတဲ့ သူမအကြောင်းက ရက်တော်တော်များများ စိုးမိုးထားတာတော့ သေချာပါတယ်။ မိန်းမရှားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် မျိုးသင်္ကြန်လို ချောချောလှလှလေးလဲ ဖြစ်၊ ဆက်စ်ကိစ္စမှာလဲ ပွင့်ပွင့်လင်းလင်း ရှိကတော့ နဲနဲ ရှားမယ်ထင်တာပဲ။ စိတ်ထိခိုက်တယ်ဆိုတာကလဲ နှမြောတဲ့ စိတ်ကိုပဲ အရင်းခံနေမလား မသိပါဘူး .. ကျနော်လဲ သေသေချာချာ မပြောတတ်ဘူးရယ် .. ။

ဒါပေမယ့် စောစောစီးစီး ဇာတ်လမ်းပြတ်သွားတာလဲ ကောင်းပါတယ်။ သူလဲသူ့လမ်း သူသွား၊ ကိုယ်လဲ ကိုယ့်လမ်းကိုယ့်သွားပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်တွေ့ကြမယ်ဆိုရင်တော့ ကိုယ့်ရွေးချယ်ချက်ကို ကိုယ်နောင်တ ပြန်မရဖို့သာ လိုတာပါပဲလေ ..

ဒီလိုနဲ့  .. နောက်ထပ် နှစ်လနီးပါးလောက် ကြာသွားပြီး သကာလ .. တစ်ခုသော ညနေခင်း ကျနော် အိမ်မှာရှိတဲ့ အချိန်မှာ …

“အယ် .. မဖြူ တို့ပါလား .. လာကြ .. လာကြ “
အိမ်ရှေ့ ဘက်က မေမေရဲ့ မဖြူလို့ အားရ၀မ်းသာစွာ လှမ်းခေါ်တဲ့ အသံကြောင့် မီးဖိုချောင်ထဲမှာဝင်ပြီး ညနေစာ ထမင်းချက်ဖို့ ဆန်ဆေးနေတဲ့ ကျနော် လက်ထဲက ထမင်းပေါင်းအိုးကို ကမန်းကတမ်းချပြီး ပြေးထွက်လာခဲ့တယ် (ကျနော်တို့ မိသားစုက မိန်းကလေးရယ်လို့ တနည်းအားဖြင့် အစ်မတွေ၊ ညီမတွေ မရှိလို့ ထမင်းဟင်းကို တခါတလေ သားယောက်ျားလေးတွေက ချက်ကြတယ်ဗျ)။ ကျနော် ပြေးထွက်လာတဲ့ အကြောင်းရင်းကို ပြောပြရရင်ဖြင့် ဘာဖြစ်လို့လဲ ခင်ဗျားတို့ မှန်းမိကြမလား။ မေမေ မဖြူလို့ ခေါ်တာ တရင်းတနှီး ပုံစံပေါက်နေတယ်လေ။ ကျနော်တို့ အသိထဲမှာ မဖြူလို့ခေါ်တာ အခုအချိန်ထိ တစ်ယောက်ထဲ ရှိခဲ့တာ။ တခြားသူ မဟုတ် မေသင်္ကြန်အမေလေ ..

“ဟာ !! .. အန်တီဖြူ …  “
“ဟယ် .. ဒါ .. အငယ်ကောင်လား … လူကောင်ကြီးကို ထွားတာ .. ကိုကိုမောင် မှတ်လား .. မမရီ .. “
“ဟုတ်တယ် … ဒါ သားငယ်လေ မဖြူ “
“အန်တီဖြူ .. မေ .. သင်္ကြန် … သင်္ကြန်ရော “

ကျနော် ဘယ်လောက်တောင်မှ စိတ်လှုပ်ရှားနေသလဲဆိုရင် အသံတွေက အဖျားခတ်ပြီးတောင် တုန်ယင်နေတယ်။ အန်တီဖြူက ကျနော့်ကို နားလည်တဲ့ အကြည့်နဲ့ကြည့်တယ်။ ပြီးတော့ အိမ်ရှေ့ လမ်းဘက်မှာ ရပ်ထားတဲ့ ကိုရိုလာဗင်ကား အဖြူရောင်လေးကို မေးလေးဆတ်ပြီး ပြရှာတယ်။

“မင်း ညီမက .. ဘာဖြစ်လဲ မသိဘူး  ကိုမောင် .. မဆင်းချင်ဘူး လုပ်နေတယ် .. အဲဒီကားထဲမှာ .. (မင်းပဲ သွားခေါ်တော့) “
“ဟုတ် .. ကျနော် .. သွားခေါ်လိုက်မယ် .. “

ကျနော် အန်တီဖြူ ပြောတဲ့စကား (မင်းပဲ သွားခေါ်တော့) ကိုတောင် ဆုံးအောင် နားမထောင်နိုင်ဘူး။ မေမေနဲ့ အန်တီဖြူ ရှေ့က ခါလေးကိုင်း ခေါင်ငုံ့လျှောက်ပြီး အိမ်ရှေ့ကို ပြေးထွက်လာခဲ့တယ်။ ရှက်ရှက်နဲ့ မှန်ရာကို ၀န်ခံရမယ်ဆိုရင် ဖိနပ်တောင်မှ အိမ်ကပြင်မှာတွေ့တဲ့ တစ်ရံကို စွပ်စီးခဲ့တာပါ။ ကိုယ့်ဖိနပ်လား၊ တခြားသူ ဖိနပ်လားတောင် သတိမထားမိခဲ့ပါဘူး။

အပြေးတစ်ပိုင်းနဲ့ ထွက်လာတဲ့ ကျနော် ဗင်ကားလေးနားကို ရောက်သွားတဲအခါမှာ ခြေလှမ်းတွေဟာ အလိုလို နှေးကွေးသွားတယ်။ ရင်ထဲမှာလဲ အမျိုးအမည်တပ်ရခက်မယ့် ခံစားချက်တွေနဲ့ ဗြောင်းဆန်နေအောင် လှုပ်ခါနေလေရဲ့ ။ ဗင်ကားရဲ့  ရှေ့ ပါစင်ဂျာဘက်ခြမ်းမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျနော် မြင်လိုက်ရပြီ။ သူမ ထိုင်နေတဲ့ဘက်ခြမ်းက အိမ်ရှေ့မှာ ရှိတဲ့ ဗံဒါပင်ရဲ့ အရိပ်ကျနေတာရော၊ ကားမှန်ရဲ့  အရိပ်ကြောင့်ရော မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရသေးဘူး။ ဒါပေမယ့် ၀တ်ထားတာက မြန်မာဝတ်စုံ ခဲရောင်လေးဆိုတာတော့ လှမ်းမြင်နေရတယ်။ သူမလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ၀တ်စားထားတဲ့ ပုံစံလေးကို ကြည့်ပြီး ကျနော့်ရင်တွေ ဒိန်းခနဲ ခုန်သွားပြီး ကားတံခါးရှိရာကို မြန်မြန်လျှောက်သွားမိတယ်။ ကားတံခါးလက်ကိုင်ကိုဆွဲပြီး ဖွင့်လိုက်တယ်ဆိုရင်ပဲ ဆံပင်တစ်ခြမ်း မျက်နှာပေါ်ဖုံးအောင် ခေါင်းငုံ့ပြီး ၀ှက်ထားတဲ့ ကောင်မလေး .. ကျနော်ရှိရာကို ဖြေးဖြေးခြင်း မော့ကြည့်လာတာ ပန်းပွင့်လှလှလေးတစ်ပွင့် ငုံရာကနေ ဖူးပွင့်လာတာနဲ့တောင် တူနေသေး။

“ကိုမောင် .. “
“မေ .. မေ၀င့်ဝါ .. ဟာ .. သင်္ကြန် “

ဟာဗျာ … ကျနော် စိတ်ထဲမှာ မတင်မကျဖြစ်သလို ထင်နေမိတဲ့ အကြောင်းအရာတစ်ခုဟာ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် မှန်နေပြီ။ မေ၀င့်ဝါဆိုပြီး ကျနော် သိထားတဲ့တစ်ယောက်က အခုတော့ မေသင်္ကြန်ဆိုပြီး ဖြစ်နေတာလေ။ ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။ နှစ်ရှည်လများ ကြာအောင် ပျောက်ဆုံးသွားခဲ့တဲ့ အမြတ်နိုးဆုံးပစ္စည်းတစ်ခုကို ပြန်တွေ့ရတာ တကယ်တမ်းဆို ပျော်လိုက်ရမယ့် ဖြစ်ခြင်းဗျာ။ ဒါပေမယ့် အဲဒီအပျော်ရဲ့ နောက်ကွယ်မှာ မေသင်္ကြန်ဟာ ကျနော်နဲ့ မျိုးသင်္ကြန်အကြောင်းကို ကောင်းကောင်းကြီး သိထားခဲ့တဲ့သူဆိုတော့ ကျနော် ဘာဆက်လုပ်ရမလဲ။ ကျနော့်မျက်နှာ တစ်ခြမ်းက ပျော်ပြီး၊ ကျန်တဲ့တစ်ခြမ်းက မဲ့နေသလိုမျိုးတောင် ဖြစ်သွားလား မသိတော့ပါဘူး။ ဆယ်နှစ်တာလုံးလုံး မေသင်္ကြန်ကို ပြန်တွေ့ရင်တော့ ပြောလိုက်မယ်ဆိုတဲ့ စကားလုံးတွေဟာ အခုကျတော့ လည်ချောင်းထဲမှာပဲ အချင်းချင်း တွန်းတိုက်ပြိုလဲကုန်ကြတော့တယ်။ ပါးစပ်ကတော့ တစ်လုံးမှကို အပြင်ကို ထွက်လို့မရပါဘူးဗျာ … ဟူး ..

“သင်္ကြန် .. ဘာဖြစ်လို့ အိမ်ထဲထိ လိုက်မ၀င်လာရတာလဲ .. ဘာလဲ ငယ်ငယ်တုန်းက တိုးပြီး လာခဲ့တဲ့ မလွယ်ပေါက်ကပဲ ၀င်လာချင်လို့လား …  “
နှစ်ယောက်သားကြား တိတ်ဆိတ်သွားမှုကို မလိုလားတဲ့ အနေနဲ့ ကျနော် အရွှန်းဖောက်ပြီးသာ ဆိုလိုက်ရတယ်။ ရင်ထဲမှာတော့ ခြောက်ကပ်ကပ်ကြီးနဲ့။ မေသင်္ကြန်က ကျနော့်စကားကို မရယ်ပေမယ့် တည်တည်ငေးငေးလေး ဖြစ်နေတဲ့ မျက်နှာလေးကတော့ ပြုံးသွားပြီး မျက်စောင်းလေးတစ်ခု ထိုးတယ်။ လှတဲ့ မိန်းကလေးက ထိုးတဲ့ မျက်စောင်းဆိုတော့ မျက်စောင်းလေးကလဲ သိပ်လှနေတာပေါ့ဗျာ။

“အိမ်ရှင်ကရော ဧည့်သည်ကို ခေါ်ချင်သေးရဲ့ လား မသိလို့ .. သင်္ကြန်က လိုက်ဝင်မလာရဲတာလေ .. “
“သင်္ကြန်သာလာမယ်ဆို ကိုမောင်က အချိန်မရွေး တံခါးဖွင့်ကြိုဆိုနေမှာပါ .. “
“အပိုတွေ .. “

ထပ်မံပြီးလွင့်လာတဲ့ မျက်စောင်းနဲ့အတူ မေသင်္ကြန်ရဲ့ ခြေတံလေးတစ်ဖက်က ကားအပြင်ဘက်ကို ထွက်ကျလာတယ်။ မြန်မာဝတ်စုံကို ထမိန်စကတ်လို ချုပ်ထားတာဆိုတော့ ဖြူစင်ဝင်းမွတ်တဲ့ ခြေသလုံးသားလေးက ဖွေးခနဲပေါ်လာလို့ ကျနော့်အကြည့်က အဲဒီနေရာကိုတောင် ဖြတ်ခနဲ ရောက်သွားသေး။ တကယ်ပါ။ ငယ်ငယ်တုန်းက ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ ကောင်မလေးဟာ အခုကျတော့ ယမင်းရုပ်လေးလို အချိုးကျကျနဲ့ ကြည့်လို့ အလွန်ကောင်းနေတယ်။ နှာဘူးကျတယ်ပဲပြောပြော အခုအချိန်မှာတော့ ကျနော့်မျက်လုံးကို ကျနော် ထိန်းလို့မရဘူး။ အင်း .. ရင်ထဲက ဆန္ဒကိုရော ထိန်းနိုင်ပါ့မလား … ။

“ကဲ ..ကိုမောင် .. ရှေ့ ကသွားလေ .. ဘာလဲ သင်္ကြန်က ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး ၀င်သွားရမှာလား .. “
“အော် .. အင်း .. အင်း .. လာ သင်္ကြန် .. “

သူမတကိုယ်လုံးကို သိမ်းကျုံးပြီး ငေးကြည့်နေမိတာ လူမိသွားတဲ့အတွက် နဲနဲတော့ မလုံမလဲ ဖြစ်သွားသေး။ ဒါပေမယ့် ဒါက ခနပါပဲ။ မေ၀င့်ဝါလို့ ပြောပြီးမှ မေသင်္ကြန်ဖြစ်သွားတဲ့ သူမကို မေးစရာ စကားတွေ အများကြီး ရှိနေတာနဲ့ ရှေ့ကနေ ဦးဆောင်ပြီးတော့ပဲ ခေါ်လာခဲ့တယ်။ မေသင်္ကြန်ပါလာတာကို မြင်တော့ အန်တီဖြူနဲ့ ကျနော့် မေမေက လှမ်းစကားပြောသေးတယ်။ ဒါပေမယ့် ကျနော် မေသင်္ကြန်ကို အိမ်ရှေ့ ဧည့်ခန်းမှာ မေမေတို့နဲ့ အတူ မထိုင်ခိုင်းပါဘူး။ တမင်တကာကို နောက်ဘေးဘက်ကို လက်မဆွဲယုံတမယ် ခေါ်လာခဲ့တယ်။

“Ring any bells ??? သင်္ကြန် “

နောက်ဘေးဘက်တံခါးကို ဖွင့်ပြီး အပြင်ကို ထွက်လိုက်တာနဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ပိတောက်ပင်ကြီးကို ပြပြီး မေးလိုက်တဲ့ မေသင်္ကြန် သူမခေါင်းကို ဖြေးဖြေးလေး ညိတ်ပြတယ်။

“မြေကြီးတွေကိုလဲ .. တမံတလင်း ခင်းလိုက်တာနော် … “
“ဟုတ်တယ် .. သင်္ကြန် .. ရေတက်လို့လေ . တစ်ခြံလုံးနီးပါး အင်္ဂတေလောင်းပစ်လိုက်တာ .. လာ .. ဟိုမှာ ရှိတဲ့ စားပွဲဝိုင်းလေးမှာ ထိုင်ကြရအောင် ..  ညနေဘက်ကျရင် အေးဆေးထိုင်လို့ရအောင် လုပ်ထားတာ .. “

မေသင်္ကြန် ကျနော်နဲ့အတူ သစ်သားစားပွဲဝိုင်းလေးရဲ့ ဘေးမှာ ချထားတဲ့ ပလတ်စတစ်ထိုင်ခုံလေး တစ်လုံးစီမှာ ၀င်ထိုင်ဖြစ်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန်ပြောင်းတမ်းတသလို လိုက်ကြည့်နေတဲ့ မေသင်္ကြန် မျက်နှာလေးကို လိုက်ကြည့်ရင်း ကျနော် အမေးချင်ဆုံး မေးခွန်းတစ်ခုကို အရင်ဆုံး မေးမိလိုက်တယ်။

“သင်္ကြန် .. ဘာဖြစ်လို့ ကိုမောင်နဲ့ ပြန်တွေ့တော့ မေသင်္ကြန်လို့ မပြောရတာလဲ .. “

“မပြောဆို … ကိုမောင်နဲ့ ပြန်တွေ့တာကရော .. ဘယ်အခြေအနေနဲ့မို့လဲ .. “
“မဆိုင်ပါဘူးကွာ .. သင်္ကြန်ကလဲ .. သင်္ကြန်ဟာ မေသင်္ကြန်ပါဆိုတာကတော့ ပြောသင့်တာပေါ့ .. အမှန်တကယ်ဆို ကိုယ်ဘယ်လောက်ထိ သင်္ကြန်ကို သတိရလဲဆိုတာ သင်္ကြန်မသိလို့ပါ .. “
“သင်္ကြန်ကရော .. သတိမရဘူးလို့ ထင်လို့လား .. ရန်ကုန်ကို ပြန်ရောက်လာတော့ အရင်ဆုံး တွေ့ချင်တာ ဘယ်သူထင်လို့လဲ .. “

ကျနော်တို့နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အနိုင်မခံ အရှုံးမပေး ပြောနေပေမယ့် တစ်ယောက်ရဲ့  စကားမှာ တစ်ယောက်ကို ထားတဲ့ သံယောဇဉ်ကတော့ အပြည့်အ၀ ပေါ်လွင်နေတာ သေချာပါတယ်။ သူနဲ့ ကျနော်ရဲ့ မျက်ဝန်းတွေထဲမှာလဲ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေက အလိုလိုထင်ဟပ်နေသေးတာ။ အဲဒီနောက်တော့ မေသင်္ကြန်နဲ့ ကျနော် စကားတွေ အများကြီး ထပ်ပြောဖြစ်ကြပါတယ်။ အဲ့လို ထပ်ပြောဖြစ်တဲ့အတွက် သူ့အကြောင်းတွေ ကျနော် သိလာခဲ့ရသလို (တနည်းအားဖြင့် သူ့ရင်ထဲကို ကျနော် တစွန်းတစ လှမ်းမြင်လိုက်တာပါ)၊ ကျနော့်ကို ကျနော်လဲ သူမကို ဘာဖြစ်လို့ တွေ့တွေ့ခြင်း မမှတ်မိရအောင် ညံ့ဖျင်းရတာလဲလို့ အပြစ်တင်မိတယ်။ ဒါပေမယ့် မေသင်္ကြန်ပြောတာ ဟုတ်ပါတယ်လေ။ သူမကို မေသင်္ကြန်လို့ သိသွားတော့ရော ကျနော်က အဲဒီအချိန်မှာ ဘာလုပ်နိုင်မှာလဲ။ ရည်းစားကြီး ငုတ်တုတ်နဲ့မှတ်လား။

“ဒါဆို သင်္ကြန့်နာမည်က မေ၀င့်ဝါဆိုတာ မဟုတ်ဘူးပေါ့ ..  “
“မဟုတ်ဘူး .. မျိုးနဲ့ ကိုမောင့် အခြေအနေကို သိလို့ တမင်တကာကို ပြောလိုက်တာ .. မျိုးတောင်မှ အံ့သြတဲ့ပုံစံဖြစ်သွားသေး .. အိတို့က သင်္ကြန့်နာမည်အရင်းကို မသိကြဘူးလေ .. မျိုးက မေလို့ပဲ ခေါ်တော့ သူတို့က မေဆိုတာပဲ သိထားတာ .. မျိုးနဲ့ကတော့ ကိုမောင့်ကို ခုနက ပြောတဲ့အတိုင်းပဲ .. သင်္ကြန်တို့ရှိတဲ့ မြို့ မှာ ရှစ်တန်းနဲ့ ကိုးတန်းကို သူက လာတက်ဖူးတော့ အဲဒီထဲက သိနေတယ် .. အဲ့အချိန်တုန်းက ကျောင်းမှာ သင်္ကြန်တို့ဆို ကြန်နှစ်ကြန်ဆိုပြီး နာမည်ကြီးခဲ့သေးတယ် .. ပြောရရင် ကိုယ့်ကိုယ်ကို မေလို့ ပြောင်းပြီး သုံးနှုန်းမိတာလဲ အဲ့အချိန်က စတာပဲ … မဟုတ်ရင် မျိုးနဲ့ မေ ကွဲအောင် ကျောင်းမှာ ခေါ်လို့မရဘူးလေ .. သူလဲ သင်္ကြန် .. ကိုယ်လဲ သင်္ကြန် ဖြစ်နေတာကိုး .. “

“ဒါဆို သင်္ကြန်က နောက်ဆုံးနေခဲ့တဲ့ နယ်ကနေ ဒီနှစ်မှ ရန်ကုန် ပြန်ရောက်တာပေါ့ .. “
“ဟုတ်တယ် .. ဖေဖေကလဲ ဒီနှစ်မှ ရန်ကုန် ပြန်ဝင်လို့ရတာ .. အဲဒါလဲ ကျန်းမာရေးကြောင့် .. ရန်ကုန်ကို မရရအောင် ပြန်လျှောက်ပြီး ၀င်ရတာ .. အခုတောင်မှ သိပ်နေမကောင်းလို့ အိမ်ကို လိုက်မလာနိုင်တာလေ .. သင်္ကြန်လဲ အိမ်မှာ လူပိုမရှိတော့ ရန်ကုန်ရောက်တယ်ဆိုကတည်း ဖေဖေ့ ဝေယျာဝစ္စလုပ်နေရတာနဲ့ ဒီဘက်ကို ထွက်မလာဖြစ်ခဲ့ဘူး .. “
“အင်း .. သင်္ကြန် မသိလို့ .. ကိုမောင်လေ နှစ်စဉ် သင်္ကြန်ရောက်တိုင်း သင်္ကြန့်ကို တမ်းတမိတာ .. သင်္ကြန်ထွက်လည်ခဲ့တိုင်းလဲ တိုက်တိုက်ဆိုင်ဆိုင်များ တွေ့မလားဆိုပြီး လိုက်ရှာမိခဲ့တယ် .. ပြောရရင် အဲဒါကြောင့်လဲ မျိုးသင်္ကြန်နဲ့ ပြီးခဲ့တဲ့ သင်္ကြန်မှာ ဆုံဖြစ်တာ .. ကိုမောင်နဲ့ သင်္ကြန်သာ စောစောစီးစီး ပြန်တွေ့ဖြစ်ရင် အခြေအနေတွေက တမျိုး ဖြစ်ချင်ဖြစ်နေမှာ .. “

“တော်ပါ  .. ဒီလောက် နာမည်ကြီး ကွဲနေတာ သိရဲ့ သားနဲ့ .. ကိုမောင့်ကိုက မပြောလိုက်ချင်ဘူး .. ဟော့တာလေးမှ ကြိုက်ချင်တာ မှတ်လား .. “
“မကြိုက်ချင်တော့ပါဘူး … ဟော့တာလေးဆိုတာကလဲ ဟော့တဲ့သူနဲ့ပဲ အဆင်ပြောတာပါ .. ကိုယ်လိုလူ ပုံတုံးကြီးကို စိတ်မ၀င်စားတော့ပါဘူး .. အ ဟက် .. “
“အဲ့သတင်းလဲ သင်္ကြန်ကြားတယ် .. အမှန်ဆို သင်္ကြန်လဲ ဒီကိစ္စကို ကိုမောင့်ကို သတိပေးချင်တာပါ .. မျိုးနဲ့အိက ကျောင်းမှာ ပြောရရင် အချစ်တော်လို့တောင် နာမည်ကြီးတာ .. အရမ်းတွဲလို့လေ .. သူတို့နှစ်ယောက်က ဘယ်ကိစ္စမဆို အတူတူလုပ်တာ .. ကိုမောင်နဲ့ တွေ့တယ်ဆိုတဲ့ သင်္ကြန်တုန်းက အိက ယူအက်စ်ရောက်နေလို့ .. မဟုတ်ရင် သူပါ ရှိနေမှာ .. “
“ထားလိုက်တော့ .. သင်္ကြန် .. သူတို့အကြောင်း မပြောနဲ့တော့ .. ကိုယ့်ရင်ထဲမှာ မျိုးနဲ့ပတ်သက်ပြီး မရှိတော့ပါဘူး .. အခု ကိုယ့်ရင်ထဲမှာ ရှိနေတာ တခြားတစ်ယောက်ပါ .. အခုမှ ရှိတာလဲ မဟုတ်ဘူး .. အရင်တုန်းကတည်းက ရှိခဲ့တာ ..“

ကျနော့်စကားသံက ဘာကိုရည်ရွယ်ပြီး ကျနော့်အကြည့်တွေက ဘယ်သဘောဆောင်နေတယ်ဆိုတာ မေသင်္ကြန်လဲ အရွယ်ရောက်နေတဲ့ မိန်းကလေးမို့ ချက်ချင်းသိပါတယ်။ ဒါပေမယ့် တခြားသော မိန်းကလေးတွေမှာ တွေ့ရတဲ့ ရှက်ဝဲ၀ဲ အမူအယာလေးနဲ့ ခေါင်းငုံ့သွားတာမျိုးတို့၊ လက်ချောင်းလေးတွေကို အချင်းချင်း ပြန်ပွတ်သပ်နေတာမျိုးတို့ မရှိဘူး။ ၀ိုင်းစက်စက် မျက်ဝန်းလေးတွေနဲ့မှာ ပြုံးတုံ့တုံ့အမူအယာလေးနဲ့ ကျနော့်ကို စိုက်ကြည့်နေတာ။ ကျနော်လဲ မထူးတော့ဘူးဆိုပြီး စကားတစ်ခွန်းကို အဆင်အခြင် မရှိပဲ ပြောဖြစ်လိုက်တယ်။ မျက်နှာရူးလို့ပဲ ဆိုချင်ဆိုတော့ဗျာ ..

“ဟုတ်တယ် .. ကိုယ့်ရင်ထဲမှာ တောက်လျှောက်ရှိနေခဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ဒီပိတောက်ပင်ကြီးအောက်မှာ အတူရှိနေခဲ့တဲ့ ကောင်မလေးပါ .. “
“ဒါ .. ဘာစကားလဲ ကိုမောင် .. မျိုးသင်္ကြန်နဲ့ ဇာတ်လမ်းပြတ်သွားလို့ နောက်ထပ် ဇာတ်လမ်းတစ်ခု စတဲ့ စကားလား .. “
“ကျွတ် !!  .. သင်္ကြန် .. “
“ဘာလဲ ကိုမောင် “

ရင်ထဲမှာ ရှိတဲ့ စစ်မှန်တဲ့စကားတစ်ခွန်းကို ထုတ်ပြောတဲ့အချိန်မှာ တစ်ဖက်သားက လှောင်သလိုလိုမျိုးနဲ့ တုံ့ပြန်တာကို ခင်ဗျားတို့တော့ မသိဘူး .. ကျနော်တော့ မခံစားနိုင်ဘူးဗျာ။ ရင်ထဲကျင်ခနဲ ဖြစ်သွားတာနဲ့အတူ မျက်နှာအမူအယာကလဲ ပြောင်းသွားတယ်။

“ဒီမှာ သင်္ကြန် .. ကိုယ်ပြောမယ် .. ကိုယ်တကယ် စွဲလန်းတမ်းတပြီး ချစ်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကနေ အခုအချိန်ထိ တစ်ယောက်ပဲ ရှိတယ် ..  အဲဒါ သင်္ကြန်ပဲ .. ဟုတ်တယ် .. ကိုယ်နဲ့ မျိုးသင်္ကြန် ညိစွမ်းခဲ့တယ် .. ဒါပေမယ့် အဲဒါလဲ သင်္ကြန်ဆိုတဲ့ နာမည်ကို မေ့မရတဲ့ စိတ်အရင်းခံနဲ့ ဖြစ်ခဲ့ကြတာ .. သင်္ကြန် ယုံချင်မှယုံ .. အခုစကားတွေကိုလဲ ကိုယ့်စိတ်ထဲက မထိန်းနိုင်လို့သာ ဖွင့်ပြောလိုက်ရတာ .. ကိုယ်သင်္ကြန်ဆီက အချစ်ကို ပြန်တောင်းဆိုမှာ မဟုတ်ဘူး .. ဆယ်နှစ်တာ ရင်ထဲမှာ ရှိခဲ့တဲ့ အကြောင်းအရာတစ်ခုကို မအောင့်နိုင်လို့ ထုတ်ပြောလိုက်တာပဲ .. “
“ပြီးတာပဲလေ .. ကိုမောင်ပြောတဲ့လဲ သင်္ကြန်က နားထောင်ရမှာပေါ့ .. ကိုမောင်က အိမ်ရှင်ကိုး “
“တော်တော် … သင်္ကြန် … ဒီအကြောင်းအရာကို ဒီမှာပဲ ရပ်လိုက်ကြရအောင် .. သင်္ကြန်တို့ ညနေစာ စားသွားပါလား .. လာလည်တုန်းလေးလေ “
“အိမ်ရှင်က ဧည့်ဝတ်ကျေချင်တယ်ပေါ့ .. ခိ .. ခိ “

ဘယ်လိုကောင်မလေးမှန်း မသိပါဘူးဗျာ။ မချိုမချဉ်ရုပ်လေးနဲ့ ကျနော် ဖြစ်ပျက်နေပုံကို မလွတ်တမ်း လိုက်ကြည့်နေတယ်။ ကြာတော့ လူတောင်မှ ရှိုးတိုးရှိုးတန်း ဖြစ်လာတယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ။ သူက ကောင်မလေးလှလှဖြစ်တဲ့အပြင် အနေအထားက ရွှေငါးလေးမို့ ကိုယ်က ငမ်းရမလား အောင့်မေ့တယ်။ သူကပဲ ကိုယ့်ကို့ လိုက်ကြည့်နေတော့ ကိုယ်က မျက်စိကို ဘယ်နားသွားထားရမလဲ။ မျက်လွှာလေးချပြီး တမံတလင်းကိုပဲ စိုက်ကြည့်ရမလို၊ အဝေးတစ်နေရာကို ငေးမောပြီး စားပွဲမျက်နှာပြင်ကိုပဲ လက်သည်းနဲ့ ချစ်ရမလို ဘာလိုလိုနဲ့။ အူကြောင်ကြောင်နဲ့ စိတ်တိုပြီး ရှက်နေရတယ် …  :-[ :-[

“သမီး .. စကားကောင်းနေတာလား .. မေမေတို့ ၀င်စရာ ရှိသေးတယ်လေ .. “
နောက်ဘေးပေါက်ဝမှာ ပေါ်လာတဲ့ အန်တီဖြူ နဲ့ မေမေကြောင့် သင်္ကြန်ရော ကျနော်ပါ ထိုင်နေရာက မတ်တပ်ထရပ်ဖြစ်ကြတယ်။
“ဟုတ် .. ကိုမောင်က ဒီမှာ ညနေစားစားသွားဖို့တောင် ပြောနေတာ .. “
“ဟုတ်သားပဲ မဖြူ  .. စားသွားပါလား …  “
“မစားတော့ဘူး မမရီ .. ကျမတို့က ဒီနားမှာ အိမ်သွားကြည့်ဖို့ ချိန်းထားတာ နောက်ကျနေမှာစိုးလို့ .. “

အန်တီဖြူရဲ့ စကားမှာ ကျနော် မသိတာပါလာလို့ မေသင်္ကြန်ကို လှမ်းကြည့်တော့ မေသင်္ကြန်က “နောက်မှပြောပြမယ်” ဆိုတာကို နှုတ်ခမ်းလေး လှုပ်ယုံပြောတယ်။ ကျနော်လဲ ထပ်မမေးနေပါဘူး။ မေသင်္ကြန်နဲ့ ပတ်သက်ရင် သူပြောပြတာကိုပဲ နားထောင်မယ် .. သူဆုံးဖြတ်တာကိုပဲ လက်ခံမယ်လို့ သဘောထားလိုက်ပြီ။ တကယ်ပါ။ ကျနော့်အပေါ် သူ ဘယ်လိုပဲ သဘောထားထား၊ ကျနော်ကတော့ သူ့အပေါ်မှာ ရှိနေခဲ့တဲ့၊ ရှိလာခဲ့ပြီဖြစ်တဲ့ အချစ်စိတ်ကို မပြင်နိုင်တော့ပါဘူး။ ကျနော့်အနားမှာ သူ မရှိနိုင်ရင်တောင်၊ သူ့အနားမှာ (သူလိုအပ်တဲ့အခါတိုင်း) ကျနော် ရှိနေရမယ်ဆို ကျေနပ်နေမှာပါ …။

အဲဒီလိုနဲ့ပဲ ကျနော် နှစ်ရှည်လများ တမ်းတနေခဲ့ရတဲ့ မေသင်္ကြန်ဟာ ကျနော့်ဘ၀လေးထဲကို ပြန်ရောက်လာခဲ့တယ် .. ။ ပိုပြီးတော့ ကျနော့်အတွက် အဆင်ပြေဖို့ ဖြစ်သွားတာက အန်တီဖြူ က သူမတို့ နေခဲ့ဖူးတဲ့ ဒီရပ်ကွက်လေးကို သဘောကျလို့ဆိုပြီး ရှေ့ နှစ်လမ်းကျော်မှာ ခြံနဲ့အိမ်လေး ၀ယ်လိုက်လို့လေ (မေသင်္ကြန် နောက်မှ ပြောပြမယ်ဆိုတာ အဲ့ဒီအကြောင်းပါ)။ ဒီတော့ မေသင်္ကြန်တို့ အိမ်အပြောင်းအရွှေ့ ကိစ္စတွေကို လိုက်လုပ်ပေးရတဲ့သူက ကျနော် အလိုလို ဖြစ်လာတာပေါ့။ မေသင်္ကြန်ကတော့ လုပ်ပေးချင်မှ လုပ်ပေးပါဆိုပြီး ကျနော့်ကို ပြုံးစေ့စေ့နဲ့ ပြောသေးတယ်။ ဒါပေမယ့် သူမ ဘယ်လို စကားနာထိုးထိုးပါ။ ကျနော်ကတော့ တကယ်ကို စိတ်ထဲမှာ ရှိတဲ့ သံယောဇဉ်အရင်းခံနဲ့ပဲ အစအဆုံး အဆင်ပြေအောင် လိုက်လုပ်ပေးခဲ့ပါတယ်။

ဝေးကွာချင်တုန်းကလဲ ဘယ်ရောက်လို့ဘယ်ပေါက်မှန်း မသိအောင် ဖြစ်ခဲ့ကြသလို၊ နီးစပ်ချင်တော့လဲ အခြေအနေတွေက တမင်တကာကို ဖန်တီးထားသလား အောက်မေ့ရတယ်။ အိမ်အပြောင်းအရွှေ့ ကိစ္စကို ၀ိုင်းလုပ်ပေးလို့ မေသင်္ကြန်နဲ့ အချိန်တော်တော်များများ ဆုံခဲ့ရပါတယ်ဆိုမှ ၊ အိမ်ပြောင်းပြီးတဲ့ အချိန် သိပ်မကြာဘူး။ မေသင်္ကြန် အဖေ့က နေတော်တော်မကောင်း ဖြစ်ပါရော။ ဆေးရုံတောင် တင်ဖို့ ဖြစ်လာတယ်။ ကျနော့် မေမေအသိထဲမှာ အဲဒီရောဂါဘက်ပိုင်းကို ကျွမ်းကျင်တဲ့ အထူးကုသမားတော်တစ်ယောက် ရှိနေတော့ ပြောရရင် ဒီကိစ္စကိုလဲ ကျနော်ပဲ လိုက်လုပ်ပေးရတယ်ဆိုပါတော့။

ဒီလိုနဲ့ .. ဒီလိုနဲ့

ဘာလိုလိုနဲ့ အချိန်ကာလဆိုတဲ့ စက်ဝိုင်းဟာ တစ်နှစ်တာဆိုတာကို ပြန်ပြောင်းရောက်ဖို့ ခြေလှမ်းပြင်နေပြီ။ ကျနော်တို့ ရပ်ကွက်ထဲကလူငယ်တွေ၊ လမ်းထဲကလူငယ်တွေတောင် သင်္ကြန်ကျရင် ဘာလုပ်မှာလဲဆိုတာကို တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် မေးခါစပြုနေပြီ။ တီဗီမှာ လာတဲ့ ချန်နယ်တွေကလဲ တူးပို့ တူးပို့အသံနဲ့အတူ သင်္ကြန်သီချင်းတွေကို စလွှင့်နေပြီပေါ့။

တစ်နေ့က သူရိန်က ကျနော့်ကို လာမေးတယ်။ ဒီသင်္ကြန်မှာ ဘာလုပ်မှာလဲတဲ့။ သူကတော့ ထုံးစံအတိုင်း ကိုစောဦးနဲ့ လိုက်မယ်လို့ ပြောတယ်။ ကျနော်ကတော့ အမှန်အတိုင်းပြောရရင် သင်္ကြန်ကို မလည်ချင်တော့ဘူး။ ပြောရရင် ဘာဆိုဘာမှ မလုပ်ချင်တော့တာ။ ဘာဖြစ်လို့လဲဆိုတော့ မေသင်္ကြန်နဲ့ ကျနော့် ဇာတ်လမ်းက အခုချိန်ထိ ဘာမှန်းကို မသိသေးဘူး။ ကျနော်ကိုယ်တိုင်ကလဲ ကိုယ့်ခံစားချက်နဲ့ကိုယ်၊ ကိုယ့်မာနနဲ့ကိုယ် ရှည်ပြီးတော့ မေသင်္ကြန်ဆီက ဘာအဖြေမှ မလိုပါဘူးလို့ ပြောခဲ့တယ် မှတ်လား။ ဒီတော့ မေသင်္ကြန်နဲ့ ကျနော်သာ ပြန်တွေ့နေရတယ်၊ စကားပြောနေရတယ်ဆိုပေမယ့် ကျနော်တို့နှစ်ယောက် အခြေအနေက တိုးတက်မှု မရှိပါဘူး။ တစ်ခုခု ပြောမယ် ပြင်တိုင်းလဲ မျိုးသင်္ကြန်နဲ့ ပတ်သက်တဲ့ အရိပ်မည်းကြီးက ခြောက်လှန့်နေတော့ ကျနော့်မှာ ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ဖြစ်နေရတယ်ဗျာ ..

အခုတော့ .. အေပရယ်လ် ရောက်လာပြီမို့ အဖူးလေးတွေ ဝေစပြုလာတဲ့ ပိတောက်ပင်ကြီးရဲ့ ခြေရင်းအောက်မှာ ကိုကိုမောင်ဆိုတဲ့ ကျနော်ဟာ .. တစ်ယောက်ထဲပါ .. လွန်ခဲ့တဲ့ ဆယ်နှစ်ကာလတုန်းကတော့ ဒီအပင်ကြီးအောက်မှာ ချာတိတ်မလေး တစ်ယောက် အတူရှိခဲ့ဖူးတာပေါ့

“ကိုမောင် … ကိုမောင် !! .. “

ကျနော့်ပခုံးကို အမိအရကိုင်ပြီး လှုပ်နှိုးနေတာကြောင့် လေးလံနေတဲ့ မျက်လုံးတွေကို ကြိုးစားပြီး ဖွင့်လိုက်ရတယ်။ မို့ဖောင်းဖောင်း ပါးပြင်နှစ်ဖက်မှာ သနပ်ခါးပါးကွက်ကြားကို ညီညီညာညာ လိမ်းထားတဲ့ မေသင်္ကြန်က ကျနော့်ကို ယဉ်စစမျက်နှာလေးနဲ့ ငုံ့မိုးပြီး ကြည့်နေလေရဲ့ ။ ကိုယ်ချစ်ရတဲ့သူရဲ့  မျက်နှာလှလှလေးကို မနက်ခင်း အိပ်ရာနိုးစအချိန် မျက်လုံးဖွင့်ဖွင့်ခြင်းမှာ တွေ့လိုက်ရတာဟာ ကျနော့်အတွက်တော့ ကြည်နူးဖွယ်အကောင်းဆုံး ခံစားချက်ပါပဲ။ ကျနော့် နှုတ်က သင်္ကြန်လို့ အားရ၀မ်းသာစွာ ခေါ်လိုက်ပြီး အပေါ်စီးက မိုးပြီးငုံ့ကြည့်နေတဲ့ သူမရဲ့  လည်တိုင်ကျော့ကျော့လေးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်တယ် ..

“အွန် .. ကိုမောင် .. ဒါ ဘာလုပ်တာလဲ “
“ချစ်လို့လေ .. ကိုယ့်အခန်းထိရောက်အောင် လာပြီး အိပ်ရာက လာနှိုးတဲ့ ကောင်မလေးကို ချစ်မလို့ .. “
“အာကွာ .. လုပ်နဲ့ .. အန်တီက ပိတောက်ပန်းတွေ ပွင့်နေပြီဆိုပြီး ဖုန်းဆက်လို့ သင်္ကြန်က ပျော်ပြီး ထွက်လာတာ .. လွှတ်ကွာ .. ကိုမောင် .. ပိတောက်ပန်း ခူးရအောင် .. သင်္ကြန့်ကို ခူးပေးနော် .. “
“ခူးပေးရင် .. ဘာဆုပေးမှာလဲ .. “
“ကိုမောင် လိုချင်တဲ့ ဆုပေးမယ် .. ကဲ .. ထတော့ .. “
“ဟင့်အင်း .. ထဘူး .. ဆုအရင် ယူလိုက်ဦးမယ် .. “
“အယ် .. လူဆိုး “

ဘယ်ရမလဲ။ ဒီတစ်ခါတော့ ကျနော် အလွတ်မပေးနိုင်တော့ဘူးရယ်။ တကယ်ဆို မေသင်္ကြန် ကျနော့်ကို သံယောဇဉ်မရှိတာမှ မဟုတ်တာ။ ကျနော် ပြောထားခဲ့တဲ့ စကားတစ်ခွန်းကို ခုတုံးလုပ်ပြီး ကျနော့်ကို ပညာရှိနည်းနဲ့ ရှောင်နေတာလေ။ အခုလို ကျနော့်အခန်းထဲထိ လူကိုယ်တိုင်ရောက်လာချိန်မှာတော့ ကိုယ်ကမှ မလှုပ်ရှားရင် “ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိဦးမလား” ဖြစ်နေမှာပေါ့။

လည်တိုင်ကျော့ကျော့ကို သိုင်းဖက်ထားရာက လက်တစ်ဖက်ကို ခွာပြီး ခါးသေးသေးလေးကို လှမ်းဆွဲလိုက်တယ်ဆိုရင်ပဲ မေသင်္ကြန် ကျနော့်ကိုယ်ပေါ် မထိန်းနိုင်ပဲ ပြိုကျလာတယ်။ ကျနော့်ရင်ဘတ်ကို လက်နဲ့ထောက်ပြီး သူမကိုယ်ကို ပြန်ခွာဖို့ ကြိုစားပေမယ့် အဲဒီအချိန်လေးမှာ ကျနော်က သူ့နှုတ်ခမ်းလေးကို အရအမိငုံပြီး ဖမ်းနမ်းလိုက်တယ်။

အနမ်း … ဆယ်စုနှစ်တစ်နှစ်စာ ရင်ထဲမှာ သိုလှောင်ထားရတဲ့ အနမ်း .. တစ်ဦးအပေါ် တစ်ဦး ထားတဲ့ သံယောဇဉ်ကို ဖွင့်ပြတဲ့ အနမ်း .. နူးညံ့မှုရှိသလို မွတ်သိပ်မှု အပြည့်ပါတဲ့ အနမ်း .. အချစ်တွေ တစ်ယောက်ထံမှ တစ်ယောက် ဖြတ်သန်းစီးဆင်းသွားစေတဲ့ အနမ်း .. ရင်ခုန်သံကာရံတွေ တူညီသွားစေတဲ့ အနမ်း … အနမ်း … အနမ်း .. အနမ်း

ကျနော့်အနမ်းရဲ့ ခေါ်ဆောင်ရာနောက်ကို မေသင်္ကြန်ဟာ မ၀ံ့မရဲနဲ့ လိုက်ပါလာခဲ့တယ်။ အနမ်းရဲ့  ကြီးစိုးထားမှုကြောင့် မျက်လုံးလေးတွေဟာ အလိုလို မှေးကျသွားပြီး သူမလက်တွေကတော့ ကျနော့်ရဲ့  ကျောပြင်ကို တင်းတင်းဖက်ထားတာပေါ့။ ရင်ချင်းထပ်ပြီး အပ်နေတာမို့ မို့မို့ရွှေရင်တွေဟာ ကျနော့်ရင်ဘတ်ကို လာရောက် ဖိပွတ်နေတဲ့အခါ ကျနော့် သွေးတွေ ဆူဝေစပြုလာခဲ့ပြီ။ ကျောရှင်းတဲ့ သူမရဲ့ ကျောပြင်တလျှောက် လက်တွေက အစုန်အဆန်ပြေးလွှားသွားမိပြီး တင်သားအိအိလေးတွေကို ထဘီပေါ်ကနေ အုပ်ကိုင်လိုက်မိတဲ့အချိန်မှာ မေသင်္ကြန့်ကိုယ်ကလေး ကော့တက်သွားတယ် …

“အ !! .. ကိုမောင် “
မေသင်္ကြန်ရဲ့ မျက်လုံးလေးတွေ ရီဝေေ၀နဲ့ ပွင့်လာတဲ့အချိန်မှာ ကျနော်က သူမရဲ့ ခါးကျင်ကျင်လေးကို တင်းတင်းဖက်ပြီး တစ်ဖက်ကို ဆွဲလှည့်ပစ်လိုက်တော့ ကုတင်ပေါ်မှာ သူမကအောက်၊ ကျနော်က အပေါ်ဖြစ်သွားတယ်။ ရင်ချင်းအပ်ထားတဲ့ အနေအထားကတော့ မပြောင်းဘူး။ ပြောင်းသွားတာက ကျနော့်လက်တွေရဲ့ နေရာသာ။ မို့မို့ထွားထွားဖြစ်နေတဲ့ ရင်အုံလေးတစ်ဖက်ကို အပေါ်ကနေ အုပ်ကိုင်ပစ်လိုက်တယ်လေ။ “ကိုမောင်ရယ် .. ဘာတွေလုပ်နေတာလဲ” လို့ လေသံဖျော့ဖျော့လေးနဲ့ ပြောနေပေမယ့် မေသင်္ကြန် မျက်နှာပေါ်မှာ တားမြစ်ချင်တဲ့ အရိပ်အယောင် တစ်ခုမှ ရှိမနေပါဘူး။ သနပ်ခါးပါးကွက်ကြားလေးပေါ်မှာ ရှက်သွေးရဲရဲလေးတွေ စွန်းနေတာသာ ရှိနေတာပါ။ အလှမျက်နှာ နီရဲရဲလေးဆီကို ကျနော့် မျက်နှာက တစ်ဖန် ငုံ့ကျသွားတဲ့အခါ ကျနော့် နှာခေါင်းနဲ့ ပါးပြင်လေးတစ်ဖက် အလိုလို မိတ်ဆက်သွားပြန်ပါရော ..

“အာ .. ကိုမောင် .. ပါးကွက်တွေ ပျက်ကုန်မယ်ကွာ .. လုပ်နဲ့ .. “
“အင် .. ဒါဆို ဘာကို နမ်းရမှာလဲ .. “
“ဒါက အလှလိမ်းထားတာ .. ဒီဟာကို နမ်းနဲ့ .. ကျန်တာကို နမ်း .. “
“တကယ်နော် .. ဒါဆိုပြီးရော .. “

“ဟွန်း “ ဆိုပြီး မေသင်္ကြန် မျက်စောင်းထိုးမယ် ရှိသေးတယ်။ ကျနော့်ရဲ့ လက်တွေက မေသင်္ကြန် ၀တ်ထားတဲ့ အင်္ကျီရဲ့ အောက်ခြေကို ဆွဲလှန်တင်လိုက်လို့ သူမ မျက်လုံးလေးတွေ ၀ိုင်းစက်ပြီး ပြူးကျယ်သွားပါရော။ တကယ်တော့ အဲဒါက သူမတစ်ယောက်ထဲ ဖြစ်တာ မဟုတ်ဘူး။ ကျနော်ကိုယ်တိုင်လဲ မျက်လုံးအိမ်တွေ ကျယ်သွားရတာပဲလေ။ ၀င်းမွတ်ညီညာပြီး ၀ိုင်းဝိုင်းမို့မို့လေး ဖြစ်နေတဲ့ ရင်သားဆိုင်လေးတွေဟာ ဘာအကာအကွယ်မှ မရှိပဲ ကျနော့် မြင်ကွင်းထဲ ရောက်လာတာကိုး။ ချွန်ထွက်ပြီး မို့မောက်နေတဲ့ အပိုင်းရဲ့  ထိပ်ဆုံးမှာတော့ အသားထဲ နစ်မြုပ်နေတဲ့ အသီးလေးနှစ်ခုက အစီအရီ ရှိနေတယ်။
ချစ်စရာကောင်းလွန်းလှတဲ့ အသီးလေးတစ်ခုကို မဆိုင်းမတွ လက်ညှိုးနဲ့လက်မ သုံးပြီး ပွတ်ပေးလိုက်တယ်။

“အာ့ ကိုမောင် “ ဆိုတဲ့ အသံက သူမနှုတ်ခမ်း ဖူးဖူးလေးဆီက ထွက်ကျလာတော့ အဲဒီ နှုတ်ခမ်းလေးကိုလဲ အလွတ်မပေးချင်တော့တာနဲ့  ငုံ့ပြီး ထပ်နမ်းပစ်လိုက်တယ်။ တချိန်တည်းမှာ ကျနော့်လက်တွေက အသီးလေးတစ်ခုကို ပွတ်လိုက် ၊ နို့အုံ ဖွေးဖွေးလေးကို အုပ်ကိုင်လိုက် ၊ နောက်ထပ် အသီးလေးတစ်ခုကို ပွတ်လိုက်နဲ့ တောက်လျှောက် အလုပ်များနေပါရော ..။

ကျနော် နှုတ်ခမ်းနဲ့ သူမနှုတ်ခမ်း ဂဟေဆက်ထားတာမို့ သင်္ကြန်ခမျာ ညည်းသံတောင် ပီပီသသ မထွက်နိုင်ရှာဘူး။ ကိုယ်လုံးလေးသာလျှင် လှုပ်လှုပ်ရွရွနဲ့ တွန့်ခါနေတာ။ ကျနော်လဲ နှုတ်ခမ်းတွေကို နမ်းလို့အားရမှ လည်တိုင်လေးတလျှောက် အောက်ကို နှုတ်ခမ်းနဲ့ ပွတ်တိုက်ပြီးဆင်းလာ၊ ညာဘက်ခြမ်းက နို့သီးခေါင်းလေးကို အရင်ဆုံး ငုံစို့လိုက်တယ်ဆိုရင်ပဲ မေသင်္ကြန်ရဲ့  ညာဘက်ခြမ်းလေးက ကြွလာသလို ဖြစ်ပြီး ကျနော့်ခေါင်းကို သူမလက်တစ်ဖက်နဲ့ တင်းတင်း လာဆုပ်ကိုင်ထားပါရော။

“အာ့ … မောင် .. အာ့ ..  “
ကျနော့် လှုပ်ရှားချက်က ဘယ်လောက်ထိရောက်လဲဆိုတာ မေသင်္ကြန့်နှုတ်ဖျားက “မောင်”ဆိုတဲ့ ခေါ်သံလေးက သက်သေခံနေလေတော့ ဒီကကောင်ခမျာ ရင်ထဲမှာ အချစ်မီးတွေ ဟုန်းခနဲကို တောက်လာတာပေါ့။ ပါးစပ်ထဲ ရောက်လာပြီ ဖြစ်တဲ့ နို့သီးလေးကို လျှာနဲ့ထိုးဆွပြီး အကြင်နာတွေ ပေးလိုက်သလို၊ လက်တစ်ဖက်ကလဲ သူမရဲ့ ဗိုက်သားဝင်းဝင်းလေးတွေကို အသာပွတ်ပေးရင်း အောက်ဘက်ကို လျှောဆင်းသွားတော့တယ်။ မေသင်္ကြန်ရဲ့ ထဘီလေးက လုံးလားထွေးလား ကျနော်နဲ့ ဖြစ်တဲ့အချိန်တုန်းကတည်းက လျော့ရဲရဲ ဖြစ်နေလေတော့ လက်က အထဲကို လျှောဝင်သွားဖို့ မခက်ဘူး။ အဆင်ပြေချက်များ အဲ့လို အဲ့လို ..

ဟာ .. ကျနော် ကံကောင်းဖို့များ ဖြစ်နေတာလား မသိဘူး … ။ ထဘီအောက်မှာ တခြား အခုအခံ ဘာမှ ရှိမနေဘူး။ ကျနော့်ရဲ့ လက်က ကျိုးတိုးကျဲတဲလေး ဖြစ်နေတဲ့ အမွှေးရှည်ရှည်လေးတွေ ရှိရာ လွင်ပြင်ကို အရင်တွေ့တယ်။ ပြီးတော့ ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်နေတဲ့ နူးနူးညံ့ညံ့အသားတွေကို စမ်းမိပြီး အဲဒီကနေမှ တဆင့် အကွဲကြောင်းလေး တစ်ခုကို ထိတွေ့လိုက်တော့တယ်။ အကျင့်ပါနေပြီ ဖြစ်တဲ့လက်က မထူမပါးတဲ့ နှုတ်ခမ်းသား နှစ်ဖက်ကို အသာအယာတွန်းထုတ်ပြီး လက်ညိုးလေးနဲ့ အထက်အောက် ပွတ်ဆွဲလိုက်တယ်ဆိုပဲ မေသင်္ကြန့်လက်တစ်ဖက်က ကျနော့်လက်ကို အပေါ်ကနေ လာအုပ်မိုးကိုင်ပါရော ..

“မောင် .. မလုပ်နဲ့ကွာ .. သင်္ကြန် စိတ်တွေ တမျိုးဖြစ်လာပြီ .. “
“ဘာဖြစ်လဲ .. သင်္ကြန်ကလဲ .. မောင်က ချစ်လို့လုပ်တာပဲကို .. ဘာလဲ သင်္ကြန်က မချစ်လို့လား .. “
“အဲ့လို ဟုတ်ဘူး .. ဟိုလေ .. ဟိုလေ ..” (မေသင်္ကြန်ရဲ့ အသွင်လေးက နောက်ထပ်စကားဆက်ဖို့ကို ရှက်သလိုလိုနဲ့ မ၀ံ့မရဲ ဖြစ်နေရှာတာ)
“ဘာ .. ဟိုလေ လဲ .. သင်္ကြန်ရဲ့  .. ရှက်မနေနဲ့ .. မောင့်ကိုပြောပြ “ (မေသင်္ကြန်နှုတ်က စကားသံထွက်လာအောင် အတင်းဖိမေးနေတုန်း .. ကျနော့်လက်ညိုးကလဲ အနားမပေးပဲ ချွဲကျွိကျွိလေး ဖြစ်စပြုနေတဲ့ အကွဲကြောင်းလေးအတိုင်း တောက်လျှောက် ထိုးဆွနေတယ် .. အပေါက်ဝ ကျဉ်းကျဉ်းလေးကိုတောင် လက်ညိုးရဲ့ ထိပ်ပိုင်းက ၀င်စပြုနေပြီ)
“ဟိုလေ .. သင်္ကြန် မနေတတ်တော့လို့ .. မောင် ချစ်ပေးတာ .. ကို .. အာကွာ .. သိတော့ဘူး .. “ (ရှက်ရှက်နဲ့ ပြောပြီးမှ အတိအကျ မပြောရဲတော့လို့ ထင်တယ် .. ရဲခနဲဖြစ်သွားတဲ့ မျက်နှာလေးနဲ့ အတူ မေသင်္ကြန်တစ်ယောက် သူမ မျက်နှာကို လက်နှစ်ဖက်နဲ့ ပြန်အုပ်ကာလိုက်တယ်)
“မောင်ချစ်ပေးတာကို လိုချင်တယ် ဟုတ် .. ဟုတ်တယ် မှတ်လား သင်္ကြန် “ (ကျနော်က သူမအပြောကို ဖြည့်စွက်ပြီး ပြောလိုက်တော့ မျက်လုံးပေါ်ကာထားတဲ့ လက်ချောင်းလေးတွေက အရင်ခြားသွားပြီး ကျနော့်ကို လှမ်းကြည့်တယ် .. ပြီးတော့ ခေါင်းလေးကို တစ်ချက်ငြိမ့်ပြတယ်)

ဒါ .. အဖြေပဲပေါ့ဗျာ။ ဒီအခြေအနေရောက်မှတော့ ကျနော်လဲ သူမကို မချစ်ရပဲ နေနိုင်ပါတော့မလား။ မေသင်္ကြန်ရဲ့ လိုလားတောင့်တမှုကို ပြည့်ပြည့်၀၀ကြီး ဖြည့်ဆည်းပေးဖို့သာ ပြင်လိုက်တော့တယ်။ ပြေစပြုနေတဲ့ ထဘီလေးကို ဆွဲချွတ်လိုက်တော့ မေသင်္ကြန်က အလိုက်တသိနဲ့ပဲ တင်ပါးတွေကို ကြွပေးရှာတယ်။ ကျနော့် လက်ညိုးနဲ့ ကျကျနန ထိုးဆွခံထားရလို့ အရည်ကြည်တွေ စိုနေရှာတဲ့ သူမ ပိပိလေးဟာ နှင်းရည်ဖြန်းပက်ထားတဲ့ ပန်းနုရောင် ပန်းပွင့်လေးလို ကြွကြွရွရွ ရှိနေတယ်။ လှပလွန်းတဲ့ ဒီမြင်ကွင်းကြောင့် လည်ချောင်းတလျှောက် တက်လာတဲ့ တံတွေးကို မြန်မြန်ဆန်ဆန် မျိုချလိုက်ရသလို၊ ကျနော့် ပုဆိုးကိုလဲ သွက်သွက်လက်လက် ချွတ်ချလိုက်တော့ သူ့အစွမ်းကို ပြချင်နေရှာတဲ့ ညီတောင်မောင်ဟာ ဖြောင့်ဖြောင့်မတ်မတ်ကြီးကို ထွက်ပေါ်လာတာပေါ့ ..

မေသင်္ကြန်ကတော့ ဒီအခြေအနေကို မမြင်ရှာပါဘူး။ အခုထက်ထိ လက်နှစ်ဖက်နဲ့ သူမ မျက်နှာကို အုပ်မိုးထားရာက ပြန်မခွာသေးဘူးလေ။ ဒါလဲ ကောင်းပါတယ်။ မဟုတ်ရင် အကြောတွေထပြီး တင်းမာနေတဲ့ ကျနော့်အချောင်းကြီးကို တွေ့သွားပြီး လန့်သွားမှာ စိုးရတယ်။ အခုတော့ သူမ မမြင်လိုက်ခင်မှာပဲ ပေါင်ကြားထဲ ဒူးထောက်ပီးနေရာယူ၊ အရည်တွေ ရွှဲစပြုနေတဲ့ ပိပိလေးနဲ့ အရအမိကပ်၊ အ၀လေးနဲ့ သေချာ တေ့ထောက်ပြီး ဖိသွင်းပစ်လိုက်တော့တယ် … ။

*************************

နဲနဲ အလုပ်များနေလို့ မနက်ဖြန် နတ်သဘင်ညီလာခံဝင်ရင် သိကြားမင်းကို ဇာတ်လမ်းရေးဖို့အတွက် အတာသင်္ကြန်ကို extension တိုးပေးဖို့ အစီရင်ခံစာ တင်ရမှာပဲ .. အန်နီးဝေး သင်္ကြန်ရုံးပိတ်ရက်က ရှေ့အပတ်အထိ ဖြစ်နေသေးတာဆိုတော့ အဲဒါလဲ သင်္ကြန်တွင်းပဲလို့ ယူဆလိုက်မယ်နော် .. ဟီး

နတ်အလို သင်္ကြန်မလိုက်နိုင်ဖြစ်နေတယ် ..  ဘ၀ .. ဘ၀ .. ဘကုန်းနဲ့ ၀လုံး ပေါင်းထားတဲ့ ဘ၀ :P

ပလစ်ဆိုတဲ့ အသံလေး မြည်တယ် .. ဒါပေမယ့် ကျနော့်ကောင်ကြီး အထဲကို ၀င်သွားလို့ မြည်တဲ့အသံ မဟုတ်ဘူး။ တင်းပြီးခံနေတဲ့ အပေါက်ဝလေးကနေ ချော်ထွက်ပြီး အကွဲကြောင်း တလျှောက်ကို ပွတ်ထိုးမိသွားလို့ ထွက်လာတဲ့ အသံ။ လူကို ရင်ထဲ ဟာခနဲ ဖြစ်သွားတာပဲ။ မေသင်္ကြန်လဲ ကျနော့်လိုပဲ နေမယ်။ “အာ” ဆိုတဲ့ အသံလေး နှုတ်ဖျားက ထွက်ကျလာတဲ့အပြင် မျက်နှာကို အုပ်ကာထားတဲ့ လက်ကလေးတွေပါ ဖယ်ပြီး ကျနော့်ကို လှမ်းကြည့်နေတယ်။

“မောင် !! .. “
ရီဝေမိန်းမောမှုအပြည့်နဲ့ လှမ်းခေါ်လိုက်တဲ့ သူမအသံကြောင့် အောက်ဘက်ပိုင်းမှာ အထဲကိုဝင်ဖို့ အသည်းအသန် အလုပ်များနေတဲ့ ကျနော် သူမကို လှမ်းကြည့်မိတယ်
“သင်္ကြန့်ကို ချစ်လား … “
“ချစ်တာပေါ့ သင်္ကြန်ရယ် .. အခုမှ မဟုတ်ဘူး .. ဟိုးအရင် ချာတိတ်လေး ဘ၀ကတည်းကပါ .. “
“ဒါဆို သင်္ကြန့်ကို ဘယ်တော့မှ ခွဲမသွားရဘူးနော် .. “
“မခွဲဘူး .. ကတိပေးတယ် .. “
“အွန်း “
“….... “
“သင်္ကြန့်ကို နမ်း .. “

လက်နှစ်ဖက်ကို ဆန့်တန်း၊ ရင်ခွင်ဖွင့်ပြီး ခေါ်နေတဲ့ သူမလေးရဲ့  အပေါ်ကနေ ကျနော် ကိုယ်ကိုကိုင်း ပြန်မိုးပြီး နှုတ်ခမ်းချိုချိုလေးကို တကြော့ပြန်အဖြစ် မွမွလေး ဖိနမ်းလိုက်တယ်။ ဒီတစ်ခါတော့ မေသင်္ကြန်ဟာ ကျနော် နမ်းသမျှကို ငြိမ်ခံနေတာ မဟုတ်တော့ဘူး။ ကျနော့်ကိုလဲ တက်ညီလက်ညီနဲ့ ပြန်နမ်းနေတာ။ သူမရဲ့  အပေါ်နှုတ်ခမ်းကို ကျနော်က ငုံပြီး မွရင်၊ ကျနော့် အောက်နှုတ်ခမ်းကို သူက ပြန်ပြီး ငုံနမ်းတာ။ အပေါ်ကနေ အောက်နှုတ်ခမ်းကို ကျနော်က နေရာပြောင်းသွားတယ်ဆို၊ မေသင်္ကြန်က ကျနော့်အပေါ်နှုတ်ခမ်းကို ရွှေ့ ပြီးနမ်းတာ။ သူ့ပါးစပ်ထဲ ကျနော့်လျှာဝင်သွားရင် မေသင်္ကြန်က ဆီးကြိုနေသလို၊ ကျနော့်လျှာပြန်ထုတ်လိုက်ရင်လဲ ကျနော့်ပါးစပ်ထဲ သူ့လျှာလေးက လိုက်ဝင်လာတာ။ အချစ်ဓါတ်တွေ ယိုဖိတ်စီးကျနေတဲ့ အနမ်းဖြစ်တာကြောင့် ကျနော့်ဖြင့် ဒီအရသာမှာ စီးမျောသွားပြီး သူ့ဖုတ်ဖုတ်လေးထဲကို ကျနော့်ကောင်ကြီး ထည့်ဖို့ဆိုတာတောင် မေ့လျော့သွားမိတယ်။ တကယ်ပါပဲဗျာ ..

ဒါပေမယ့် ကျနော် အံ့အားသင့်စရာကောင်းမယ့် ကိစ္စတစ်ခုကို မေသင်္ကြန်က ပြုလုပ်လိုက်တယ်ဗျ။ ကိုယ့်ဖာသာကိုယ်တောင် သတိမထားမိအောင် ထိုးထိုးထောင်ထောင် ဖြစ်ပြီး သူမပေါင်ကြားက ဖုတ်ဖုတ်နေရာကို ထောက်ထားမိတဲ့ ကျနော့်ကောင်ကို ညာလက်လေးနဲ့ ဖမ်းကိုင်လိုက်တာ။ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး နမ်းနေတာတောင် ရပ်သွားတယ်။

“သင်္ကြန် !! “
“မောင် အဆင်ပြေအောင် လုပ်ပေးမလို့ .. သင်္ကြန်ထိန်းထားပေးမယ် .. ဖြေးဖြေးရအောင် ထည့်နော် .. “
“သင်္ကြန် .. အချစ်ရယ် … “

ချစ်လိုက်တာဗျာ .. ကျနော် ဒီကောင်မလေးကို .. တကယ်ကို အလိုက်သိတဲ့ ချစ်သူလေး .. ဖြေးဖြေးရအောင် ထည့်တဲ့ .. ပြောတဲ့အသံလေးက တကယ်ကို အချစ်တွေလွှမ်းနေတဲ့ အသံလေး … နောက်ပြီး စကားပဲ မဟုတ်ဘူးနော်.. တကယ်လဲ သူမရဲ့ ပေါင်တန်နှစ်ဖက်ကို ကားနိုင်သမျှကားပေးထားရင်းက ကျနော့်ကောင်ရဲ့ ထိပ်ကို အ၀လေးမှာ ကျကျနန တေ့ပေးထားသေးတာ။ နုဖတ်လှတဲ့ အသားကိုယ်စီ ထိတွေ့တာဖြစ်တဲ့အပြင်၊ အရသာအဖြစ်တည်ဆုံးနေရာ အချင်းချင်း ထိထားတာဆိုတော့ ကျနော်တို့နှစ်ယောက်စလုံး ရင်ထဲမှာ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားတာပေါ့ ..

“အာ့ .. မောင် .. ၀င် .. ၀င်လာပြီ .. “
နှစ်ယောက်သား တစ်ပေါင်းတစ်စည်းထဲ ဖြစ်သွားတဲ့ ဒီအချိန်လေးဟာ ကျနော့်အတွက်တော့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အခိုက်အတန့်ပါပဲ။ အထဲကို ရောက်သွားပြီ ဖြစ်တဲ့ ထိပ်ဖူးကို ပြန်မကျွတ်ရအောင် ကျနော်ကိုယ်ကို ထိန်းထားရင်း တအိအိနဲ့ ရအောင် ဆက်သွင်းလိုက်တော့ မေသင်္ကြန်ရဲ့ လက်ကလေးဟာ တစတစ လိင်တန်အရင်းပိုင်းကို ရွှေ့ သွားတာ ဖြစ်နေတာပေါ့။ နောက်ဆုံး ထပ်ရွှေ့စရာ နေရာမရှိဘူးဆိုတဲ့အချိန်မှာ ကျနော့်ကောင်ကြီးရဲ့ ထိပ်ကလဲ သူရဲ့ အပျိုစင်လွှာလေးကို သွားထောက်မိနေပြီ ..

“အာ့ .. မောင် ..  “
“သင်္ကြန် လက်ဖယ်လိုက်တော့နော် .. မောင့်ခါးကိုသာ ဖက်ထား .. မောင် ဖြေးဖြေးခြင်း အဆုံးထိ ဆက်သွင်းပေးမယ် “
“ဟုတ် .. မောင် “

သင်္ကြန်ရဲ့ လက်ကလေး ကျနော့်ကောင်ပေါ်ကနေ ကွာသွားပြီး ပြောထားတဲ့အတိုင်း ခါးကို လာဖက်လိုက်တယ်ဆိုပဲ အဲဒီအချိန်လေးကို အရအမိသုံးပြီး ထပ်ဖိချလိုက်တယ်။ ဗြစ်ခနဲဆိုတဲ့ မတိုးမကျယ်အသံလေးနဲ့အတူ အဓိကအတားအဆီး အလွှာကို ကျော်ဖြတ်ပြီး ဘာဆိုဘာမှ ၀င်ရောက်ဖူးခြင်း မရှိသေးတဲ့ ကျဉ်းမြောင်းနွေးအိလွန်းတဲ့ အဖုတ်လေးရဲ့ အတွင်းပိုင်းကို သိမ်းပိုက်မိလိုက်ပါရော။ မေသင်္ကြန် နှုတ်ဖျားက “အာ့ နာတယ် မောင်ရယ် “ ဆိုတဲ့ အသံလေးကြောင့် ကျနော့် သူမလေးရဲ့ မျက်နှာကို စိုးရိမ်စွာနဲ့ ငုံကြည့်မိတော့၊ နီတီတီ မျက်နှာလေးက ရှုံ့ မဲ့မဲ့ရယ်။ “သင်္ကြန် အရမ်း နာသွားလား “ ဆိုပြီး သူမ နဖူးပေါ် အနည်းငယ် ၀ဲကျနေတဲ့ ဆံနွယ်လေးတွေကို သပ်ပြီး မေးလိုက်တော့ ကျနော့်ကို ခေါင်းလေး အရင်ခါပြတယ်၊ ပြီးမှ “နာတာတော့ နာတယ် .. ဒါပေမယ့် မောင်နဲ့ အကြားအလပ်မရှိပဲ ဖြစ်နေတာကို ကြိုက်တယ်” တဲ့။

ကျနော် ဘာပြန်ပြောရမလဲ ကိုယ့်ဆြာတို့ရာ။ ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူကောင်မလေးက ကိုယ့်အပေါ်ဒီလောက် နားလည်အလိုက်သိပြီး ပြန်ချစ်တယ်ဆိုတာ ကျနော်တို့လို ယောက်ျားလေးတွေအဖို့တော့ အမက်မောဆုံး ဆုလာဘ်တစ်ခု မဟုတ်လား။ နောက်ပြီး ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကိုလဲ အချစ်တွေ တနင့်ကြီး ပြန်ပေးချင်လာတာပေါ့။ မေသင်္ကြန်ရဲ့ ခေါင်းကလေးကို လက်နဲ့ အသာထိန်းကိုင်ထားရင်းက သူမမျက်နှာကို ခွင့်တောင်းသလို အကြည့်မျိုးနဲ့ ကျနော်ကြည့်တော့ သူမကလဲ နားလည်သလို အကြည့်မျိုးနဲ့ ပြန်ကြည့်နေရှာတယ်။ ပထမဦးဆုံး အဖြစ်နဲ့ ကျနော် လိင်တန်ကို သာသာလေးပြန်ထုတ်ပြီး တစ်ချက်ဆောင့်သွင်းလိုက်တယ်။ အင့်ခနဲ ဖြစ်ပြီး သူမ မျက်နှာလေး ရှုံ့ တက်သွားသလိုဖြစ်ပြီး ကိုယ်ကလေးက အပေါ်ကို မဆိုစလောက်လေး ရွေ့ သွားတယ်။ ဒါပေမယ့် ကျနော့်နဲ့ သူ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံနေမှုကတော့ မလွှဲသွားပါဘူး …။

ဖြေးဖြေးမှန်မှန်နဲ့ ကျနော် တစ်ချက်ချင်း စဆောင့်ပေးတယ်။ မေသင်္ကြန်ရဲ့ ဖုတ်ဖုတ်လေးက အသစ်ချပ်ကျွပ် ဖြစ်နေတာမို့ ကြပ်ပြီး ကျဉ်းမြောင်းနေတာကတော့ အမှန်ပါပဲ။ နောက်ပြီး မေသင်္ကြန်က အရည်ရွှဲတဲ့ မိန်းကလေး အမျိုးအစားထဲမှာ မပါဘူး။ မထွက်တာတော့ မဟုတ်ပေမယ့် သူ့ဟာလေးတွေက စီးစီးလေးတွေ၊ အရည်ကျဲကျဲ မဟုတ်ပဲ ဆီနဲ့တူတဲ့ အရည်မျိုး။ အသွင်းအထုတ် အဆင်ပြေအောင်သာ အထောက်အကူ ဖြစ်စေတာ။ အရမ်းကြီး စိုရွှဲပြီး စီးကျနေတာမျိုး မဟုတ်ဘူး။ ဒီတော့ လုပ်ရတာ တအားကို ကောင်းတာပဲ။ အထဲမှာလဲ အသားနုနုလေးတွေကို တွန်းထိုး ပွတ်တိုက်ပြီး ရွေ့ လျားနေရတာဆိုတာ့ တထုတ်ထုတ်နဲ့ကို ဖြစ်နေတာ။ ကောင်းလွန်းအားကြီးလို့ ဖီလင်က လွင့်ပျံပြီးတော့ကို တက်နေတာ အောက်ကိုပြန်မကျနိုင်ဘူးရယ် …။

တော်တော်လေးကြာတော့ ကျနော် လုပ်ပေးသမျှကို ဒီအတိုင်း ငြိမ်ငြိမ်လေး ခံနေတဲ့ မေသင်္ကြန် အမူအယာတွေ ပြောင်းလာပါရော၊ တလှုပ်လှုပ်နဲ့ ဖြစ်နေတဲ့ ကျနော့်ဖင်ကို လက်နဲ့ လာဆုပ်တာတို့၊ အောက်ကနေ မကော့တတ်ကော့တတ်နဲ့ ပြန်ပင့်ပေးတာတို့၊ လက်တစ်ဖက်နဲ့ ကျနော့် ပါးပြင်၊ ရင်ဘတ်တို့ကို လာပွတ်ပေးတာတို့ လုပ်လာတယ်။ ဒါတွေက သူမလေး အမြင့်ဆုံးအချိန်ကို ရောက်တော့မယ်ဆိုတဲ့ အနက်အဓိပ္ပါယ်မှန်း ကျနော်သိနေတော့ တိုးပြီး အရှိန်မြှင့်ဆောင့်ပေးလိုက်တယ်။ သိပ်တောင် မကြာလိုက်ပါဘူး။ “မောင် .. ဘာတွေထွက်ကုန်ပြီလဲ မသိ .. ထွက်ကုန်ပြီ “ လို့ သံရှည်ဆွဲရင်း မေသင်္ကြန်တစ်ယောက် ကျနော့်ကို အတင်းဆွဲဖက်ထားတဲ့အချိန်၊ ကျနော်ကိုယ်တိုင်လဲ ဘယ်လိုမှ မထိန်းနိုင်တော့ပဲ ဖုတ်ဖုတ်အသစ်လေးထဲကို အချစ်ရည်တွေကို တလဟော ပန်းထုတ်မိပါရော။ ပြီးတာခြင်း ဆုံသွားတာမို့ နှစ်ယောက်သား တင်းတင်းဖက်ထားမိတာ ရင်ခွင်ပေါက်မတတ်ပါပဲ ….။

“မောင့်ကို သင်္ကြန်တော့ အရမ်းချစ်သွားပြီ .. “
“ဘာဖြစ်လို့ .. “
“သင်္ကြန့်ရဲ့ မိန်းကလေးဘ၀ကို ပိုပြီး အဓိပ္ပါယ်ရှိလာအောင် ဖန်တီးပေးလို့ .. “
“ဘယ်လို သင်္ကြန် .. “
“ဟုတ်တယ်လေ .. မောင်ဒီလို လုပ်ပေးလို့တာ သင်္ကြန်က မိန်းကလေးဖြစ်ရကျိုးနပ်တာလေ .. မဟုတ်ရင် အခုအသက်အရွယ်ထိ အချစ်အကြောင်းကို သင်္ကြန်မှ မသိသေးတာ .. မောင်နဲ့သာ ပြန်မတွေ့ရရင် သင်္ကြန်က တစ်သက်လုံး အပျိုကြီး ဖြစ်နေမှာ .. “
“အော် .. သင်္ကြန်ရယ် .. “

ကိုယ့်အပေါ် တွယ်တာလွန်းအားကြီးတဲ့ ကောင်မလေးရဲ့ စကားကြောင့် ကျနော်လဲ သူ့အပေါ်ကို အချစ်စိတ်တွေ ယိုဖိတ်ပြီး ပွေ့ဖက်မယ်ပြုတော့ မေသင်္ကြန်က “မောင် ဘာမှမလုပ်နဲ့ .. ဒီတစ်ခါ သင်္ကြန့်အလှည့်ကွာ”ဆိုပြီး ကျနော့်ကို အပေါ်က မိုးပြီး နမ်းပါရော၊ တရွှတ်ရွှတ်နဲ့ ကျနော့် ရင်ဘတ်ကို နမ်းလိုက်၊ နို့သီးတွေကို ပြန်နမ်းလိုက်၊ ချက်ကလေးကို နမ်းလိုက်နဲ့ အောက်ကို ဆင်းသွားရင်း ကျနော့်ညီတောင်မောင် ရှိရာရောက်သွားတော့ ရှက်နေလို့ထင်တယ်။ ညီတော်မောင်ကို သွားမနမ်းသေးပဲ ပေါင်တွင်းသား တစ်ဖက်ကိုသာ နှုတ်ခမ်းလေးက အရင်ထိသွားတယ် .. အဲဒီမှာ ..

“အယ် .. ကိုမောင် .. ဒါ .. ဒါ “
ဘာများ ဖြစ်တာလဲလို့ဆိုပြီး ကျနော် တတောင်ဆစ်ကို အိပ်ရာပေါ် နောက်ပြန်ထောက်ရင်း ခေါင်းထောင်ကြည့်တော့ မေသင်္ကြန်က ကျနော့် ညာဘက်ပေါင်ရင်းက အမာရွတ်လေးတစ်ခုကို လက်ညိုးလေးနဲ့ ထောက်ပြနေတယ်။ တကယ်ဆို လူတစ်ယောက်ကိုယ်ပေါ်မှာ အမာရွတ်ရှိတယ်ဆိုတာ ဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ သူသူ ငါငါရှိကြတာပဲလေ။ ဒါပေမယ့် ဒီအမာရွတ်လေးက ဘာကြောင့် ရှိနေတာလဲဆိုတဲ့ နောက်ကြောင်းခံ ရာဇ၀င်က ကျနော်တို့နှစ်ယောက်စလုံးနဲ့ တိုက်ဆိုင်နေတယ်။ သူမ ရင်ထဲမှာ သိနေတဲ့ အကြောင်းကို ဟုတ်လားဆိုတဲ့ သဘောမျိုးနဲ့ မျက်လုံးလေးကို ၀င့်ကြည့်ပြီး မေးတော့ ကျနော်ကလဲ ဟုတ်တယ်လို့ ခေါင်းညိတ်ပြီး ဖြေပြလိုက်တယ်။ မေသင်္ကြန်က “ဒါဆို ဒီဟာလေးကို မွအရင်ပေးမယ်နော် မောင်”ဆိုပြီး သူမနှုတ်ခမ်းလေးနဲ့ ထိဖို့ပြင်လိုက်တဲ့အချိန် ကျနော့်ရင်ထဲမှာ ကြည်နူးမှုအပြည့် ဖြစ်တည်သွားတော့ မျက်နှာက အလိုလိုပြုံးမိသွားပါရော ….

“ဟဲ့ .. သားငယ် … မျက်နှာကြီးက ပြုံးပြီး ရယ်နေတယ် … ဘာတွေ အိပ်မက်မက်နေတာလဲ .. ထတော့ .. “
လက်မောင်းတစ်ဖက်ကို ကိုင်လှုပ်ပြီး နှိုးလိုက်တဲ့ မေမေ့အသံကြောင့် ကျနော့်ရဲ့ ရွှေအိပ်မက်လေးထဲကနေ ဖီလင်ပျောက်သွားပြီး ကျနော် နိုးသွားတာပေါ့။

“အာ .. မေမေရာ .. ဒီမှာ အိပ်မက်က ကောင်းနေတာကို .. “
မကျေနပ်တဲ့ မျက်နှာနဲ့ စူပုတ်ပုတ်ရုပ်လုပ်ပြီး ပြောလိုက်တဲ့ ကျနော့်ကို မေမေက စကားတစ်ခွန်းပြောလိုက်တယ်ဆိုပဲ ကျနော့်မျက်နှာက ချက်ချင်း အမူအယာ ပြောင်းသွားတယ်။ အိပ်နေရာကလဲ ၀ုန်းခနဲ အသံမထွက်ယုံတမယ် ကုန်းထမိတယ်။ တခြား မဟုတ်ဘူး။ မေသင်္ကြန် အပြင်မှာ ရောက်နေတယ်တဲ့ …

“သင်္ကြန် !! .. “
“ကိုမောင် .. အခုမှ နိုးတာလား .. “
“ဟီး .. ဟုတ်တယ် .. ညတုန်းက ပိတောက်ပင်ကြီးအောက်မှာ ဟိုတွေး ဒီတွေးနဲ့ ကြာသွားလို့ .. “
“အွန်း .. သင်္ကြန်လဲ အတူတူပါပဲ … ညတုန်းက အိပ်တာ နောက်ကျတယ် .. အဲဒီအကြောင်းပဲ တွေးနေတာ .. ဒီနှစ် သင်္ကြန့်မွေးနေ့မှာ ပိတောက်တွေ မပွင့်ဘူးနော် … “
“ကိုမောင်လဲ .. အဲဒါ စိတ်မကောင်းတာပါ .. ဒါပေမယ့် ဒီနေ့ မိုးရွာမလား မသိဘူး .. မိုးသားတွေ တက်နေတယ် .. ဒီနေ့သာ မိုးရွာမယ်ဆိုရင် .. နောက်တစ်နေ့ မကူးခင် ပွင့်ချင်လဲ ပွင့်မှာပေါ့ .. ကိုမောင်လဲ ပွင့်ပါစေလို့ ဆုတောင်းနေတယ် .. ဒါမှ ကိုယ်ချစ်တဲ့ ချစ်သူလေးကို မွေးနေ့မှာ လက်ဆောင်ပေးလို့ရမှာ .. “
“ဟွန်း .. လူလည်ကြီး .. စောစောစီးစီး အိမ်လာတဲ့သူကို ရည်းစားစကားပြောတယ် .. “
“ရင်ထဲရှိတာ ပြောတာပါကွာ .. တကယ်ပြောတာ .. သင်္ကြန့်ကို အရမ်းချစ်ပါတယ် .. “

အိမ်ရှေ့ခန်းကြီးထဲမှာ နှစ်ယောက်ထဲ ရှိတာကို အခွင့်ကောင်းယူပြီး ကျနော်လဲ မေသင်္ကြန့်ကို ဓါတ်ပြားဟောင်းကြီးပဲ ပြန်ဖွင့်ပြလိုက်တယ်။ မတတ်နိုင်ဘူး။ လတ်တလော မက်ထားတဲ့ အိပ်မက်ရဲ့ အရှိန်က ရှိနေတဲ့အပြင် အိပ်မက်ပိုင်ရှင် ကောင်မချောလေး ကိုယ့်ရှေ့မှာ မျက်ဝါးထင်ထင် ရှိနေတာလေ။ ဒီအချိန်မှ အချစ်စိတ်မကြွရင် ကြွစရာ အချိန်မှ မရှိတော့တာ။ သူမမျက်နှာလေးအပါအ၀င် တကိုယ်လုံးကို အနုလုံပဋိလုံ ကြည့်နေမိတဲ့ ကျနော့် အကြည့်ရဲရဲတွေကြောင့်လား မသိ .. ခါတိုင်းလို တုံ့ပြန်ကြည့်တာ မရှိပဲ သူမမျက်နှာလေး ရှက်သွေးစိုပြီး ခေါင်းငုံ့သွားတယ်။ ကျနော်လဲ မေသင်္ကြန့် အခြေအနေကို ကြည့်ပြီး ဒီလောက်ဆိုရင်တော့ အခြေအနေကောင်းလောက်တယ်   ဆိုတာ တွက်မိပြီး တစ်နေ့က ကြည့်ထားတဲ့ ကိုရီးယားကားထဲက စတိုင်လ်ကို ဖမ်းလိုက်ပါရော .

သူမထိုင်နေတဲ့ ဆက်တီထိုင်ခုံ ရှေ့မှာ ဖြတ်ခနဲ ဒူးထောက်ထိုင်လိုက်တော့ ခေါင်းငုံ့ထားတဲ့ မေသင်္ကြန် ကျနော့်ကို မျက်လုံးလေးအ၀ိုင်းသားနဲ ကြည့်ရှာတယ်
“မောင် အရမ်းချစ်တယ် သင်္ကြန်ရာ .. မောင့်အချစ်ကို နားလည်ပါ .. လက်ခံပေးပါနော် “
“အာ .. ကိုမောင် .. အဲ့လို မလုပ်နဲ့လေ .. ထ .. ထ “
“မထဘူး .. သင်္ကြန်က ချစ်တယ်လို့ ပြောမှ “
“ခက်တာပဲ .. မောင်ရာ .. မဆိုးနဲ့ “
“သင်္ကြန် .. ဘယ်လို ခေါ်လိုက်တယ် .. မောင် .. ဟုတ်လား “
“အွန်း .. ဒါမျိုးကျတော့ ချက်ချင်း သိတယ် .. “

ကျနော်လဲ အားရ၀မ်းသာစွာ ထပြီး သူမလက်ကို ဆွဲထူတော့ မေသင်္ကြန်က ကျနော့်လက်ကို ပြန်ဆုပ်ကိုင်တယ်။

“သင်္ကြန် .. မောင်တို့ သင်္ကြန် တူတူလည်ကြမယ် နော် .. သင်္ကြန်လဲ တခါမှ မလည်ဖူးဘူးဆို “
“ဟုတ်တယ် .. မောင်သာ .. သင်္ကြန်မှာ ကဲတာလေ .. သင်္ကြန်က ဟိုး လွန်ခဲ့တဲ့ ၁၀နှစ်ကနေ အခုထက်ထိ သင်္ကြန်တွင်း ရေတောင် စိုဖူးတာ မဟုတ် .. “
“တကယ် “
“တကယ်ပေါ့ .. မောင့်ကို ကတိပေးထားတာပဲ .. “
“ဒါဆို .. သင်္ကြန့်ကို အခု မောင်ရေလောင်းခွင့်ပေးနော် .. လွန်ခဲ့တဲ့ ဆယ်နှစ်က အတိုင်းလေ .. “
“လောင်းပေါ့ .. မောင် လောင်းတာ ခံချင်လို့ သင်္ကြန် ထွက်လာတာပဲကို .. ကားကို မှန်ပိတ်မောင်းလာတာ .. သင်္ကြန်ရေစိုနေတာ တွေ့လို့လား ..  “
“ချစ်ဖို့သိပ်ကောင်းတယ် .. မွပေးမယ် .. လာထား .. “
“အာ .. လုပ်နဲ့ .. အိမ်ရှေ့ခန်းကြီး .. နောက်မှ မောင်နော် .. နောက်မှ  “
“အိုကေ .. အိုကေ .. ခန .. မောင်ရေသွားခပ်လိုက်ဦးမယ် .. “

အိမ်ပေါက်ဝထိ လက်ချင်းတွဲ ပါလာတဲ့ မေသင်္ကြန့်ကို ခန ထားခဲ့ပြီး ရေထည့်ထားတဲ့ အုတ်ကန်ဆီ ပြေးသွားတော့ ချော်လဲမှာစိုးလို့ ကိုယ့်ကိုယ့်ကိုတောင် သတိထားရသေးတယ်။ ချော်လဲပြီး အိပ်မက်က နိုးသွားတာ ဖြစ်နေမှာလို့ ခင်ဗျားတို့ ထင်နေတာလား။ မဟုတ်ပါဘူးဗျာ … ဒါ အိပ်မက်မဟုတ်ပါဘူး။ သေချာအောင် ကျနော့်လက်ခုံကို ကျနော် ပြန်ဆိတ်ထားတာပဲ … အလာလား … နာတယ်ဗျာ .. ဒါပေမယ့် နာကောင်းကြီးဗျ .. ဟီး  :) :) :)

================== ပြီးပါပြီ ======================

ချစ်ခြင်းအားဖြင့်
နတ်သား

.

Followers