ဟို အ၀င်ပေါက်ကို ထောက် နေပြီ ရှင့် . . . ~ အောရသစုံ

ဟို အ၀င်ပေါက်ကို ထောက် နေပြီ ရှင့် . . .



(by - အာဘွား )


အခန်း ( ၁ )
   အိမ်နာမည် စောငယ်


   ကျနော့ အဖေမှာ ရည်မှန်းထားတာ တခု ရှိတယ်။
   သူ သိပ်ဖြစ်ချင်တဲ့ဟာပေါ့။

   သား ၃ ယောက်မွေးမယ်။
   ပြီးရင် သားတွေ အားလုံး သူ့လိုဘဲ တပ်မတော် အရာရှိတွေ ဖြစ်ရမယ်။
   ကြည်း၊ ရေ၊ လေ၊ မှာ တယောက်စီပေါ့။

   ကိုကို့ကို မွေးတော့ သူတော်တော် ပျော်တယ်။
   ရှမ်းပြည်မှာ မွေးလို့ နာမည်မှာ စိုင်း ထဲ့ထားတယ်
   “ စိုင်းသီဟ ” တဲ့။
   မွန်မှာ မွေးရင် နိုင်၊ ကရင်ပြည်နယ်မှာဆို စော ထဲ့မယ်ပေါ့။
   ဖေဖေက ကိုကို့ ကို “ စိုင်းကြီး ” လို့ ခေါ်တယ်

   ဖေဖေကဘဲ ကံ အရမ်းကောင်းလားတော့ မသိဘူး
   သူမှန်းထားသလိုဘဲ
   ကရင်ပြည်နယ်မှာ တာဝန်ကျတုန်း ကျနော့ကိုမွေးတယ်။

   ဒီတော့ ကျနော့နာမည်က “ စော ” ပေါ့
 
   ၂ ယောက်မှာ အငယ်မို့
   “ စောငယ်တဲ့ ”
   တခါတလေ “ အငယ်” တဲ့
   ဒါက ကျနော့ အိမ်နာမည်။

   မောင်နှမ သုံးယောက်ထဲမှာ ကိုကိုကလဲ ယောကျာ်းလေး ပီသတယ်။
   ဖေဖေ ရည်မှန်းသလို စစ်ဗိုလ် ဖြစ်မဲ့သူလေ။
   အရပ်မြင့်မြင့် ရုပ်ချောချော။ အားကစားတွေဘာတွေလုပ်တယ်။

   ညီမလေးကလဲ မိန်းကလေး ပီသတယ်။
   ဖြူဖြူ သေးသေး ချစ်စရာလေး။ ကျောင်း အက ပြိုင်ပွဲတွေဘာတွေမှာ ဆုတွေ ဘာတွေရတယ်။



   ကျနော်ကတော့ အလတ်။
   အလယ်မှာ လပ်နေတဲ့ အလပ် ဆို ပိုမှန်မယ်။
   အဖေကလဲ သူ့သားကြီးမှ သားကြီး။

   အမေကလဲ ကျနော့ဆို ဦးစားမပေး။
   ညီမလေးက သူ့ အသည်းစွဲ သမီးလေးလေ။

   အလယ်က လေးလုံး မှန်ကြောင်နဲ့ အသား ညိုညို ပိန်ပိန်ရှည်ရှည် အငယ့် ကိုတော့ ဘယ်သူ မှ မချစ်ကြဘူး။

   ဒါပေမဲ့ အိမ် အလုပ် ဘယ်သူ လုပ်ရလဲ ဆိုတော့ ကျနော်။
   အမေ ထမင်းချက်ရင် ကူရတာက ကျနော်။
   တံမျက်စည်း လှဲလဲ ကျနော်။
   ပန်းကန်ဆေးတာက အစ . . .  အကုန်ပါဘဲ။

   ကျနော်က အနုပညာ ၀ါသနာပါတယ်။ ကတော့ မကတတ်ဘူး။
   ညီမလေး ကဗျာလွတ် က ရင် သီချင်းဆို ဆိုင်းတီး။
 
   တခါကတုန်းကများ  မေမေ့ ထမီ ယူဝတ်ပြီး က မိလို့ အဆော်ခံရတာ၊ အရှိုးကိုထင်ရော။
   မေမေက မင်္ဂလာဆောင် တခု သွားဖို့ ဘီရိုထဲက ထုတ်ပြီး မီးပူတိုက်ထားတာလေ။
   စောငယ်က ကလေးထဲက အဲ့လို    . . .

   ညီမလေး အိုးတွေခွက်တွေနဲ့ ကစားရင်လဲ ကူဖေါ်လောင်ဖက်ပေါ့။
   အိမ်ထောင် ရှင်မ လေ . . . အဟိ။



အခန်း ( ၂ )
   အချစ်ဆုံး သူငယ်ချင်း


   အလည်လာပါတယ် ဆိုမှ ကျနော်တို့ ရန်ကုန်ရောက်ပြီး နောက်နေ့မှာ မေမေ ဖျားပါလေရော။
   ညီမလေးက မေမေနဲ့ အဖေါ်လုပ်ပြီးနေခဲ့မယ်တဲ့။

   ဒီတော့ အတူလိုက်လာတဲ့ စိုးသဇင်နဲ့ ကျနော် နှစ်ယောက်ထဲလည်ဖို့ ဖြစ်လာတာပေါ့။

   ကျနော် အ၀တ်အစားလဲပြီးချိန်မှာ သူက အင်္ကျီတောင် မ၀တ်ရသေးဘူး။
   အလှအပကြိုက်ပေမဲ့ အဲ့လို မှန်ရှေ့တော့ အကြာကြီး မနေတတ်ဘူး။

   စိုးသဇင် သူ့ ဘရာစီယာ ချိတ်ကို လက်ပြန် တတ်နေရင်းက ရှပ်အင်္ကျီ အ၀ါ နုနုလေးနဲ့  ဘောင်းဘီ အနက်ကို ၀တ်ထားတဲ့ ကျနော့ကို လှမ်းကြည့်ပြီး “ နင်က ဘောင်းဘီနဲ့ လိုက်တယ်ဟ . . .  နောက်ကို အမြဲ ၀တ် ”

   ဆံပင်ကို ဂျလ် သုတ်လိုက်ပြီး နဲနဲ ကြည့်ကောင်းအောင် ဖွနေရင်းက ကျနော်ပြုံးပြလိုက်တယ်
 
   “ သိပ်လဲ ရှိုးထုတ် မနေနဲ့  တော်ကြာ နင့်ကို ငါ့ဘဲ ထင်သွားဦးမယ် ”
   “ ကောင်းတာပေါ့ ချစ်ချစ်ရယ် . . . ”
   ကျနော် စိုးသဇင်ကို နောက်လိုက်သည်။

   “ငါက ဘဲ စစ်စစ်မှ ကြိုက်တာ . . . နင့်လို ကြက်ဆင်ဆို မကြိုက်ဘူး ”
   “ ဟယ် . . . ငါ့ကိုများ ကြက်ဆင်တဲ့ . . . ” ပြောပြီး စပ်ဖြီးဖြီး လုပ်နေတဲ့ သူ့ ပုခုံးကို ပိတ်တီး ပစ်လိုက်တယ်

   စိုးသဇင်နဲ့ ကျနော်က ပြောမနာ ဆိုမနာ သူငယ်တန်း ကတည်းက သူငယ်ချင်းတွေ။
   အမြဲ တတွဲတွဲနဲ့ တော်တော် ချစ်ကြတာ။
   ဆရာမ တွေကတောင် နောက်တယ် “ ကြီးလာရင် ယူ လိုက်ကြတဲ့ ”
   မိန်းမတော့ မယူချင်ပါဘူးဗျာ . . . ဟ . .ဟ

   ကျောင်းမှာ ကျနော်တို့ ၂ ယောက် နာမည်ကြီးသွားတာက ဒုတိယတန်းမှာဗျ။
   အဲ့ဒီတုန်းက သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးက သေပြီးခါစ။
   မိန်းကလေး အိမ်သာမှာ သရဲချောက်တယ်လို့ နာမည်ကြီးနေတာပေါ့။

   စိုးသဇင်က အိမ်သာ သွားတော့ ကြောက်လို့ဆိုပြီး ကျနော့ကို အဖေါ်ခေါ်သွားတယ်။
   ခါတိုင်းလဲ ခေါ်နေကျပါ။

   အဲ့ဒီနေ့ကတော့ သူ့ အိမ်သာခန်းထဲ အထိ လိုက်ခိုင်းတာ။
   ကျနော်က တယောက်ယောက် တွေ့မှာ ကြောက်တာ။
   အိမ်သာထဲ နှစ်ယောက် ဘာဝင်လုပ်နေလဲဆို ရှက်စရာကြီး။

   သူက ဇွတ် ဆိုတော့ နောက်ဆုံး အထဲ အထိ လိုက်ပေးလိုက်တယ်။
   ပြီးရော။

   ကံက ဆိုးချင်တော့ဗျာ . . .
   နှစ်ယောက်သား ပြန်လဲထွက်ရော ဆရာမ အပျိုကြီးနဲ့ ပက်ပင်းတိုးတာ။
   ဆူလိုက်တာ ရစရာကို မရှိဘူး။
   . . .


အခန်း ( ၃ )
   စောငယ်ရဲ့ ကိုကြီး


   ဘတ်စ်ကားကလဲ ဗျာ ကျပ်လိုက်တာဗျာ။
   စပယ်ယာ ကလဲ အတင်း အထဲ တိုးခိုင်းနေတယ်။

   ဘယ်လောက် ကြိုးစားပြီး တိုးလဲ အထဲကို မရွှေ့တော့ဘူး။
   ဒီတော့ အပေါက်ဝနားလေးဘဲ ကုတ်ကပ် နေရတာပေါ့။

   စိုးသဇင်ဘေးမှာက ဘိုးတော်ကြီး တယောက်ကတဖက်၊ ကျနော်တို့နဲ့ ရွယ်တူ ကောင်လေးတယောက်က တဖက် ရှိနေတယ်။
   ဘိုးတော်က အသက်က ၅၀ ကျော်လောက် တိုက်ပုံနဲ့ ဘာနဲ့၊ လူကြီးလူကောင်းပုံစံ။
   လူပုံ ကသာ လူကြီးလူကောင်း- စိတ်ဓါတ်ကတော့ ညံ့ပါ့ဗျာ။
   စိုးသဇင်ကိုချည်း အတင်း ဖိတိုးနေတယ်။

   မတတ်နှိုင်လို့ ဘတ်စကား တိုးစီးရတဲ့ မိန်းကလေးတွေကို သမီးချင်း နှမချင်း မစာမနာ အခွင့်အရေး ယူတာကတော့ တော်တော် စိတ်ဓါတ် အောက်တန်း ကျတယ်။
   
   နောက်ဆုံး ကျနော် သီးမခံနှိုင်တော့ဘူး။  ခုံတန်း နောက်မှီ အစွန်းကို ကိုင်ထားတဲ့ လက်ကို အားပြုပြီး နောက်ကို ဖိတွန်းလိုက်တယ်။

   “ ဟဲ့ . .  ကောင်လေးရယ်  ဖြေးဖြေး သက်သာလဲ လုပ်ပါဦး . . . ” တဲ့ နောက်က အဒေါ်ကြီးက မကျေမနပ်နဲ့ ပြောတယ်။
   စိုးသဇင်က ” ကောင်မလေးပါ . . . ” လို့ ပြောပြီး ရီနေတယ်။
   တတ်နှိုင်ဘူးဗျာ။
   ဒီလိုမှ မလုပ်ရင် ဖြစ်မှ မဖြစ်တာ။

   ဒါပေမဲ့ . .  ပါးစပ်ကတော့ ပြောလိုက်ပါတယ် “ ဆောရီး . .  အဒေါ် . . ”
   ခုံတန်းနဲ့ ကျနော့် ကြားမှာနဲနဲ ဟသွားတော့ စိုးသဇင်က ကြားထဲ ၀င် လာတယ်။

   ဘိုးတော်ကြီးက လိုက်ကပ်ချင်နေသေးတယ်။
   ကျနော် ဘုကြည့် ကြည့် ပေးလိုက်တယ်။
   အဲ့ဒီကျမှ ကိုယ်ရှိန် သတ်သွားတယ် ဗျာ . . .
   သူ့ အသက်မှ အားမနာ။

   စိုးသဇင်က ကျနော့ နားအနားကို ကပ်ပြီး “ အဲ့ ဘိုးတော်က တအား တိုးနေတာဟ ” လို့ ပြောတယ်။
   “ ငါ သိတယ် . .  ဒါ့ကြောင့် နင့်ကို နေရာပေးလိုက်တာ ”
   “ အဟီး . .  ငါ့ကို မရရင် . . . နင့် လာလုပ်နေဦးမယ် ”
   “ ဆွဲထိုးပစ်မှာပေါ့ဟ ”
   “ တွယ်ချိတ်နဲ့လား? ”
 
   “ နင်နော် . . . ”
   ကျနော် ဒါဘဲ ပြောလိုက်တယ်

   ကားကျပ်ကျပ်ထဲမယ် စိုးသဇင်ရဲ့ နောက်နဲ့  ကျနော့ရဲ့ရှေ့ မတရားကို ဖိကပ်နေတယ် . . .
   လေခို စရာတောင် ရှိရဲ့လား မသိဘူးဗျာ

   အခုမှ သတိထားမိတယ်။
   သူ့ တင်သားအေးအေးတွေ က တကယ်ကို အိတာ။
   ပျော့တွဲပြီး အိတာ မဟုတ်ဘူး . . .
   ရေထဲ့ထားတဲ့ ပူစီဖေါင်းလို တင်းပြီး အိနေတာ။

   ကျနော်သာ ယောကျာ်းတွေလို စိတ်မျိုးနဲ့ ဆို အရမ်း ထန်လာမှာဘဲ။

   စိုးသဇင်က ကိုယ်လုံးလှတယ်။
   အဲ့ဒီ ကိုယ်လုံးလေးမျိုးနဲ့ ကားကျပ်ကျပ် စီးမိတာကိုက မှားတာပါလေ။

   သူငယ်ချင်းမရဲ့ ပူစီဖေါင်း အကြောင်း တွေးနေတုန်း . . .
   Calvin Klein ကထုတ်တဲ့ OBSESSION ရေမွှေးနံ့ကို ရတယ်။
   အဲ့ဒီ ရေမွှေးကို ကျနော် မကြိုက်ဘူး။ အနံ့က ပြင်းလွန်းတယ်။

   လှည့်ကြည့် လိုက်တော့    ကျနော့နောက်က အဒေါ်ကြီးနေရာမှာ အကိုကြီး တယောက် ရောက်နေတယ်။ အဲ့ဒီ အကိုကြီးက အရပ်မြင့်တယ်။ ကျနော်နဲ့ ဆို ခေါင်းတလုံး စာလောက် ကွာမယ်။

   စိတ်ကူးယဉ်ချင်စရာ ကောင်းတဲ့ မင်းသားကြီးက ဘယ်အချိန်က ရောက်လာတယ် မသိဘူး။
   သူ့ ရင်ခွင်ထဲ ကျနော် ရောက်နေတယ်။

   စိုးသဇင်ရဲ့ တင်တွေက ကျနော့ရှေ့မှာ ကပ်နေသလို နောက်က အကိုကြီးရဲ့ ဟာကြီးကလဲ ကျနော် နောက်မှာ ကပ်နေတယ်။
   ရှေ့က က အေးအေး။
   နောက်က နွေးနွေး။

   ရင်ထဲမှာ တမျိုးကြီးရယ် ဘယ်လိုကြီးလဲ မသိဘူး
   ရန်ကုန် ဘတ်စ်ကားတွေ ကျပ်တာ ကြားဖူးပါတယ်။
   ဒါပေမဲ့ အခုတော့ ကိုယ်တွေ့။

   ရန်ကုန် မှာ ထောက်လှမ်းရေးတွေ ရှိတာလဲ ကြားဖူးပါတယ်။
   ဒါပေမဲ့ အခုတော့ ကိုယ်တွေ့။

   နောက်က အကိုကြီးက ကျနော့နောက်ကို ဖိကပ်နေတဲ့ သူ့ဟာကြီးကို နေရာ ရွှေ့ဖို့ ကြိုးစား နေပုံရတယ်။
   အေးပေါ့လေ သူ့ ရှေ့မှာက စောငယ် ဖြစ်နေတာကိုး၊ ဘယ် ထိချင်ပါ့ မလဲ။

   စိုးသဇင်လို အိုးမျိုးလေး ရှိနေရင်တော့ ကပ်ပြီး မှိန်းနေမှာ။
   ဒီက သိပြီးသား ပါနော်။

   အဲ့လို ရွှေ့ဖို့ကြိုးစားလေ ပိုပြီး ပွတ်မိ တိုက်မိ ဖြစ်လေ။
   ရီလဲ ရီချင်ပါရဲ့။
   ဘယ်လောက် ကြိုးစား ကြိုးစား ဒီလောက်ကျပ်တဲ့ ကားထဲ သူ့ဒုံးပျံက ကျနော့် တောင်ကြားထဲက ဘယ်လိုမှ တိုးထွက်မရ ဖြစ်နေတယ်။

   အောက်ရောက်လို့ ၂ယောက်ထဲရှိမှ စိုးသဇင်ကို စရမယ်။
   “ ငါ့နောက်က အကိုကြီးက အဆင်လေးလို့ . . . နင့် ဘဲကြီးလို ဘိုးတော် မဟုတ်ဘူးလို့ . . . ”
   အဲ့လိုသာ စလိုက်လို့ ကတော့ ဆဲလိုက်မယ် ဖြစ်ခြင်း . .

   အဟိ . .
   “ ကိတ်လဲ ကိတ် တယ် ” လို့သာ ထပ်ပြောလိုက်ရင်တော့ သူဘာပြန်ပြောမယ် တောင် မစဉ်းစား ရဲတော့ဘူး။

   ကိုယ့် အတွေးနဲ့ ကိုယ် စဉ်းစားပြီး ရီချင်နေတုန်း  ကားက မှတ်တိုင်တခု ရောက်လာတယ်။  
   မှတ်တိုင်မှာ စိုးသဇင် ဘေးက ကောင်လေးက ဆင်းသွားတယ်။

   နောက်က အကိုကြီးက ရုတ်တရက် လိုက်ဆင်းသွားတယ်။
   “ ညီမ ပိုက်ဆံအိတ် ” တဲ့
   ကျနော် ဒါဘဲ ကြားလိုက်တယ်။

   စိုးသဇင် က “ ဟယ် . .  ငါ့ပိုက်ဆံအိတ် မရှိတော့ဘူး ” တဲ့
   ကားပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။

   အောက်မှာတော့ စိုးသဇင် ဘေးကနေ ဆင်းသွားတဲ့ ကောင်လေးကို ကျနော့ နောက်က အကိုကြီး က ထိုးနေတာတွေ့တယ်။
   ကျနော်တို့ နှစ်ယောက် ဘာလုပ် ရမှန်း မသိဘူး။


စိုးသဇင်က ငိုနေတယ်။
   အကိုကြီးက ချော့နေတယ်။
   ကျနော် စောငယ်ကတော့ ဘေးမှာ ငုတ်တုတ်  
 
   နောက်တော့ အိမ်လိုက်ပို့ပေး။
   မေမေက ကျေးဇူးတွေတင်။
   ထမင်းစားတွေ ဘာတွေ ဖိတ်။

   ဆွေမျိုးတွေ ဘာတွေ စပ်။
   သူ့ အဖေက ဖေဖေနဲ့ intake တခုထဲတဲ့။

     
 

အခန်း ( ၄ )
   ဟို အ၀င်ပေါက်ကို ထောက်နေပြီ ရှင့်



ငါးနှစ်ခန့်ကြာသော်...........

   မော်တော်ကားတွေ၊ ဈေးဝယ်သူတွေ စည်ကားလျှက် ရှိသော မန္တလေး ဈေးချိုတော် နာရီစင်နားတွင်
မိန်းကလေးတစ်ယောက်သည် လသားအရွယ် ကလေးငယ်ကိုပိုက်လျှက် ရပ်နေလေသည်။
   ဥဒဟို သွားနေသော ကားတွေကို ကြည့်၍လည်တံ တဆန့်ဆန့်ဖြင့် မျှော်နေသော ထိုမိန်းကလေးသည် စောငယ်ဟု ခေါ်သော ကျနော် ဘဲ ဖြစ်ပါသည်။

   ကျနော် အကိုနိုင်ချမ်းမွန်နဲ့ အိမ်ထောင်ကျတာ နှစ်နှစ် နီးပါးတောင် ရှိနေပြီ။
   ဟုတ်တယ် . . .  နိုင်ချမ်းမွန် ဆိုတာ ဘတ်စ်ကားပေါ်က အကိုကြီး ပေါ့။

   ဖေဖေကတော့ သူ့ အိမ်မက်တွေ ပြည့်စုံသွားလို့ ကျေနပ် နေလေရဲ့
   ကိုကိုက ကြည်းတပ်။
   ကျနော့ အမျိုးသား က ရေတပ်။
   ညီမလေး လက်ထပ်တာက လေတပ်က။

   အခု ညီမလေး မင်္ဂလာဆောင် က အပြန် ကားရပ်ထားခဲ့တဲ့ နေရာက ဝေးလို့ ကျနော်တို့ သားအမိကို အရိပ်ထဲ စောင့်ခိုင်းပြီး သူ ကားသွားယူ နေတာလေ။

   ပြောရဦးမယ်
   သူက ကျနော့ကို အမြဲနောက်တယ်။

   မန်းလေးသူ မို့ “ ကျနော် ခင်ဗျား”  ဆိုပြီး ပြောကျင့် ဖြစ်နေတာ သိပါတယ်တဲ့ . . . ဒါပေမဲ့ အိပ်ယာထဲ အတူ နေတုန်းတော့ အဲ့ဒီ ကျနော်ကြီး မသုံးပါနဲ့တဲ့ . . .  ကြားရတာ တမျိုးကြီးတဲ့။
   ယောကျာ်းချင်း လုပ် နေရသလိုဘဲတဲ့
   ကျနော်ဖြင့် ကြားခါစက ရီလိုက်တာ အူကို နာရော

   ဒါနဲ့ ကျနော်လဲ သူနဲ့ အတူ ဟိုဟာလုပ်ချိန်တော့ သတိထားပြီး ရန်ကုန်သူတွေ ပြောသလို “ရှင်” တွေဘာတွေ သုံးပေးပါတယ်။

   ကျနော် ပထမဆုံး ရန်ကုန်သူတွေလို ပြောတဲ့စကားတခွန်းက ဘာလဲ သိလား။

   မင်္ဂလာဦးညမှာပေါ့
   ကိုကြီးမေးလို့ ဖြေလိုက်တာ

   “ ဟို အ၀င်ပေါက်ကို ထောက်နေပြီ ရှင့် ” လို့  . . . .




= = ပြီးပါပြီ = =

.

Followers